မြန်မာနိုင်ငံတွင် Extractive Industries မှတ်တမ်းတင်

မြန်မာနိုင်ငံဟာ အရှေတောင်အာရှမှာ ဒုတိယအကြီးဆုံးနိုင်ငံဖြစ်ပြီး ဒေသတွင်းမှာ လူသူအရောက်အပေါက် မရှိသေးတဲ့ အကြီးမားဆုံးသစ်တောတချို့နဲ့ ရေအားလျှပ်စစ်အမြောက်အမြား ထုတ်ယူနိုင်တဲ့မြစ်တွေ ၊ ကျောက်မျက်ရတနာမျိုးစုံနဲ့ သတ္တုတွင်းထွက်တွေကနေ ရေနံနဲ့သဘာဝဓါတ်ငွေ့သိုက်တွေအထိ  မျိုးစုံတဲ့ ရှုမျှော်ခင်းတွေ ၊ သဘာဝအရင်းအမြစ်တွေနဲ့ ကြွယ်ဝနေတဲ့နိုင်ငံပါ ။

UNEARTH ပရောဂျတ်ကို ၂၀၁၅ ခုနှစ်မှာ မှတ်တမ်းဓါတ်ပုံဆရာခြောက်ဦးနဲ့ သဘာဝအရင်းအမြစ် စီမံအုပ်ချုပ်ရေးအင်စတီကျု Natural Resource Governance Institute (NRGI) တို့က ပူးပေါင်းပြီး မြန်မာ့ရင်းမြစ်ကဏ္ဍရဲ့ အမြင်မှတ်တမ်းကို ပေးအပ်နိုင်ဖို့ စတင်ခဲ့ပါတယ် ။ ဒီဝက်ဘ်ဆိုက်ဟာ လွတ်လပ်တဲ့ဓါတ်ပုံဆရာတွေ ၊ ရုင်ရှင်ဖန်တီးသူတွေ နဲ စာရေးဆရာတွေထံက ဇာတ်လမ်းတွေကို တင်ပြမယ့် ပလက်ဖေါင်းတစ်ခုဖြစ်ဖြစ်ပြီး ၊ နိုင်ငံရဲ့ သမိုင်းမှာ မထင်မှတ်တဲ့အပြောင်းအလဲ ဖြစ်ပေါ်နေချိန်အတွင်း မြန်မာနိုင်ငံမှာ သံယံဇာတ တူးဖေါ်ရောင်းချတဲ့ လုပ်ငန်းလောကတွေ အကြောင်း တင်ပြနေတာလည်း ဖြစ်ပါတယ် ။

မြေပုံဖွင့်လှစ်