ကျွန်ုပ်တို့ အကြောင်း

 

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ၏ ဒုတိယအကြီးဆုံး နိုင်ငံဖြစ်ပြီး ယင်း၏ ထွေပြားသော မြေမျက်နှာသွင်ပြင်များက ရေနံနှင့် ဓာတ်ငွေ့သိုက်များမှသည် ကျယ်ပြန့်သော ကျောက်မျက်များနှင့် တွင်းထွက်သတ္တုသိုက်များ၊ ကြီးမားသော ရေအားလျှပ်စစ်ထုတ်ရန်အလားအလာကောင်းသည့် မြစ်များနှင့် ဒေသတွင်း အကြီးဆုံး ပကတိအတိုင်းရှိသေးသော အချို့သော သစ်တောများ အထိ  ကြွယ်ဝသည့်သဘာဝသယံဇာတများကို ပိုင်ဆိုင်ထားသည်။ 

သို့သော် ဤအရင်းမြစ်များစွာမှာ အလွန်ဆိုးသော လူမျိုးစုပဋိပက္ခများကာလကြာရှည် ဖြစ်ပွားရာ တိုင်းရင်းသား လူနည်းစုနယ်မြေများရှိ ကြမ်းတမ်းသော နယ်နိမိတ်အစွန်အဖျားများတွင် တည်ရှိသည်။ ချုပ်ချယ်ဖိနှိပ်ထားသော စစ်အုပ်ချုပ်ရေး ဆယ်စုနှစ်များအတွင်း သယံဇာတရင်းမြစ်များမှ အကျိုးအမြတ်ထုတ်ယူမှုမှာ ကျယ်ကျယ်ပြန့်ပြန့် စည်းမဲ့ကမ်းမဲ့ဖြစ်ခဲ့ပြီး စစ်ဆန်မှု၊ လူ့အခွင့်အရေးဖောက်ဖျက်မှုများနှင့် လူမှုရေးနှင့် သဘာဝဝန်းင်ရေးရာ ကြီးမားသော အကျိုးသက်ရောက်မှုများနှင့် အတူတကွ ဆက်စပ်ဖြစ်ပွားခဲ့သည်။ သယံဇာတများမှရသော ဘဏ္ဍာငွေကြေးများသည် အကျင့်ပျက်ခြစားသော စစ်တပ် ထိပ်တန်းလွှာတစ်ဦးက ကဲ့ထုတ်ယူခြင်းခံရသည်။ 

အတုအယောင် အရပ်သား အစိုးရက ၂၀၁၁ တွင် အာဏာကို ရယူပြီး ဒီမိုကရေစီ အကူးအပြောင်းကာလတို စတင်ဖော်ဆောင်ကတည်းက ပွင့်လင်းမြင်သာမှုမှာ တိုးလာခဲ့ပြီး တူးဖော်ထုတ်ယူရသည့် သယံဇာတရင်းမြစ်များကို စဉ်ဆက်တည်တံ့အောင်စီမံခြင်းမှာ အစိုးရ၏ ဦးစားပေးတစ်ရပ်  ဖြစ်လာခဲ့သည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန် ဤကဏ္ဍ၏ ပုံရိပ်ကို တိုးတက်အောင် ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံမှာ ထက်မြက်ခဲ့ပြီး ၂၀၁၄ တွင် သယံဇာတတူးဖော်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ရှေ့ဆောင်အဖွဲ့ (EITI)၏ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့သည်။ 

နိုင်ငံများသည် ဤစေတနာ့ဝန်ထမ်း ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်အဖွဲ့သို့ ဆက်သွယ်နိုင်ကြသည်။ ဤအဖွဲ့က အစိုးရများကို သဘာဝသယံဇာတမှ အခွန်ဘဏ္ဍာများကို ထုတ်ပြန်ရန် တောင်းဆိုထားပြီး မြန်မာနိုင်ငံကို ၂၀၁၅ ဇန်နဝါရီတွင်ယင်း၏ ပထမဆုံး EITI အစီရင်ခံစာ ထုတ်ပေးရန် လျာထားသတ်မှတ်သည်။ အစိုးရ၊ ပုဂ္ဂလိက ကဏ္ဍနှင့် အရပ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရန်နှင့် လူမှုရေးနှင့် သဘာဝဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှု စံများ  တိုးတက်မှုနှင့် ပတ်သက်၍လည်း လုပ်ဆောင်ရန် အခွင့်အလမ်း ဖန်တီးခြင်းတို့ကို EITI က လိုအပ်သည်။ မြန်မာနိုင်ငံ၏ အဖွဲ့ဝင်ဖြစ်မှုမှာ ဤကဏ္ဍကို ကုံလုံသော အကျိုးအမြတ်ထွက်ရန် ဦးတည်သည့် အရေးပါသော ခြေလှမ်းဖြစ်သည်။ ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်သည့် လွတ်လပ်အမှီအခိုကင်းသည့် သုတေသန၊ သတင်းအချက်အလက် မှတ်တမ်းအထောက်အထားပြုစုခြင်းနှင့် တွင်းထွက် တူးဖော်ရေး ပရောဂျက်များကို စောင့်ကြည့်ခြင်းတို့ လိုအပ်သော ရှေ့ဆက်သွားရမည့် ခရီးလမ်းရှည်လည်း ရှိနေပေသည်။ 

အန်အာ့သ် (UNEARTH)ပရောဂျက်ကို ၂၀၁၅ ခုနှစ်တွင် မှတ်တမ်းတင်ဓာတ်ပုံဆရာ ခြောက်ဦးနှင့် သဘာဝသယံဇာတ စီမံအုပ်ချုပ်ခြင်း အင်စတီကျု (NRGI)တို့ကြား ပူးပေါင်းဆောင်ရွက်ခြင်းအဖြစ် မြန်မာ့သယံဇာတကဏ္ဍ၏ ရုပ်မြင်မှတ်တမ်း ရစေရန် အလို့ငှာ စတင်ခဲ့သည်။ ဝက်ဘ်ဆိုက်သည် လွတ်လပ်သော ဓာတ်ပုံဆရာများ၊ ရုပ်ရှင်ဖန်တီးသူများနှင့် စာရေးဆရာများထံမှ တိုးပွားလျက်ရှိသော ဖြစ်ရပ်ဇာတ်လမ်းများ စုဆောင်းချက်တစ်ရပ်အတွက် နေရာစဉ်မြင့် ဖြစ်သည်။  နိုင်ငံ၏ သမိုင်းစဉ်တွင် ယခင်က မရှိခဲ့ဖူးသေးသော အပြောင်းအလဲ၏ အချိန်ကာလ၌ မြန်မာနိုင်ငံအတွင်း တွင်းထွက်တူးဖော်ရေး လုပ်ငန်းနှင့် ပတ်သက်၍အလင်းဖြန့်ပေးခြင်း ဖြစ်သည်။  

အန်အာ့သ် (UNEARTH) သည် အဲန်အာရ်ဂျီအိုင်(NRGI)က ပံ့ပိုးပြီး  မြန်မာဒိဌက စီမံသော ပရောဂျက်ဖြစ်သည်။