• Suthep Kritsanavarin

    ဓာတ်ပုံဆရာ
    Close

    Suthep Kritsanavarin

    ဓာတ်ပုံဆရာ

    ဆုသက် ခရစ္စန်ဝါရင်သည် ထိုင်းနိုင်ငံ၏ ရှေ့ဆောင် သတင်းဓာတ်ပုံဆရာတစ်ဦးဖြစ်သည်။ သူ၏ ဆုရ လက်ရာများကို နိုင်ငံတကာ အတိုင်းအတာအရ နျူးယောက်တိုင်း၊ နေရှင်နယ်ဂျီအိုဂရပ်ဖစ် ထိုင်းလင်း၊ ဂျီအိုဂရပ်ဖိကယ်လ် ဧရိယာနှင့် ဂျပန်တိုင်းများတွင် ပုံနှိပ်ထုတ်ဝေခဲ့သည်။ သူသည် ထိုင်း၊ ကမ္ဗောဒီးယား၊ တရုတ်၊ ဂျပန်၊ ဂျာမနီနှင့် ပြင်သစ်နိုင်ငံများတွင် ဓာတ်ပုံများ ခင်းကျင်းပြသခဲ့သည်။ ဆုသက်သည် အရှေ့တောင်အာရှတွင်း သဘာဝဝန်းကျင်ရေးရာ၊ လူမှုရေးနှင့် လူသားချင်း စာနာမှုဆိုင်ရာ အကြောင်းကိစ္စရပ်များကို ဆယ်စုနှစ်စုနီးပါး လွှမ်းခြုံဖော်ပြခဲ့သည်။

    ၂၀၀၈ တွင် ဆုသက်သည် ဒေးစ် ဂျပန်နိုင်ငံတကာ ဓာတ်ပုံသတင်းစာပညာဆုကို လက်ခံရရှိသည်။ အမေရိကန် အခြေစိုက် အမျိုးသား သတင်းဓာတ်ပုံဆရာများ အသင်း၏ အကောင်းဆုံး သတင်းဓာတ်ပုံပညာဆုအတွက် သူ့လက်ရာ အရွေးချယ်ခံရသည်။ သူ၏ မဲခေါင် ဓာတ်ပုံမှတ်တမ်းကြောင့် ဘလူးအာ့သ်အလိုင်းယင့်စ်က ပေးအပ်သော ဆုရခဲ့သည်။ ဆုသက်၏ ဓာတ်ပုံများကို နိုင်ငံတကာနှင့် ဒေသတွင်း အဖွဲ့အစည်းများက ပြည်သူလူထုအတွင်း ပညာပေးခြင်းနှင့် လှုံ့ဆော်စည်းရုံမှုများအတွက် အသုံးပြုခဲ့ကြသည်။ သဘာဝသားရိုင်းရန်ပုံငွေအဖွဲ့၊ နိုင်ငံတကာ မြစ်ကြီးများကွန်ရက်နှင့် တာရ တို့က မဲခေါင်ပရောဂျက်မှ သူ၏ ဓာတ်ပုံများကို ယင်းတို့၏ လာအိုနှင့် ကဗ္ဗောဒီယားနိုင်ငံများအတွင်း ရေအားလျှပ်စစ်ထုတ်လုပ်ရေး ဆည်များ၏ သက်ရောက်မှုများကို သတိပေးသည့် လှုံ့ဆော်စည်းရုံးမှုများတွင် အသုံးပြုခဲ့သည်။ သူ၏ မြန်မာနိုင်ငံတွင်း ဆိုင်ကလုန်းနာဂစ်လက်ရာမှာ ၂၀၀၉ ခုနှစ် ဒေးစ် ဂျပန်နိုင်ငံတကာ ဓာတ်ပုံသတင်းစာပညာဆု ကို ရရှိသည်။

  • Matt Grace

    ဓာတ်ပုံဆရာ
    Close

    Matt Grace

    ဓာတ်ပုံဆရာ

    မက်တ်ဂရေ့စ်မှာ ရန်ကုန်အခြေစိုက် ဗြိတိသျှနိုင်ငံသား ဓာတ်ပုံဆရာဖြစ်သည်။ ၂၀ဝ၆ ခုနှစ်ကတည်းက အာရှသို့ ပထမဦးဆုံးရောက်ရှိခဲ့ပြီး  ထိုင်းနိုင်ငံမြောက်ပိုင်းရှိ မြန်မာအသိုင်းအဝိုင်းအတွင်း စတင်အလုပ်လုပ်ကိုင်ခဲ့ပါသည်။  ထို့နောက် လန်ဒန်ဆက်သွယ်ရေးပညာကောလိပ်တွင် ဓာတ်ပုံသတင်းပညာကို လေ့လာရန် လန်ဒန်သို့  ပြန်သွားခဲ့ပါသည်။ ၂၀၁၀ နှစ်စပိုင်းတွင် ရန်ကုန်သို့ မရွှေ့မီ သတင်းဓာတ်ပုံဆရာအဖြစ် လန်ဒန်တွင်  နှစ်နှစ်တာလုပ်ကိုင်နေခဲ့သည်။

    ရန်ကုန်တွင် သူသည် အဓိကအားဖြင့် မီဒီယာလုပ်ငန်း နှင့် အတိုင်ပင်ခံမီဒီယာလုပ်ငန်းကို လုပ်သည်။ နိုင်ငံ၏ ဝေဒနာခံစားနေရသော ပြည်သူ့ကျန်းမာရေးစနစ်ကို ထောက်ကန်ထားသော အစိုးရမဟုတ်သော အဖွဲ့အစည်းများစွာ နှင့်အတူ သင်တန်းများ ပေးခဲ့သည်။ သူ၏ကိုယ်ပိုင်ပရောဂျက်ဖြစ်သော မြန်မာနိုင်ငံရှိ မြို့ပြ၏ လူငယ်ယဉ်ကျေးမှုဓလေ့များကို အသေးစိတ်လေ့လာပြီး ဓါတ်ပုံဖြင့်မှတ်တမ်းတင်ခဲ့သည်။

    ၂၀၁၃ တွင် အကျိုးအမြတ်မယူသော လူထုအခြေပြုအဖွဲ့အစည်းဖြစ်သော မြန်မာဒိဌကို တည်ထောင်သည်။ ပြည်တွင်း မှတ်တမ်းဓာတ်ပုံဆရာများနှင့် ရုပ်ရှင်ရိုက်ကူးသူများအတွက် အရင်းမြစ်များကို ဖွံ့ဖြိုးစေရန်ပံ့ပိုးကူညီနေသော အဖွဲ့အစည်း တစ်ခုဖြစ်ပါသည်။

  • Lauren DeCicca

    ဓာတ်ပုံဆရာမ
    Close

    Lauren DeCicca

    ဓာတ်ပုံဆရာမ

    လော်ရင် ဒီစီကားသည် ရန်ကုန်တွင် အခြေစိုက်သော နျူးယောက်မှ မှတ်တမ်းတင်ဓာတ်ပုံဆရာမတစ်ဦးဖြစ်သည်။ သူ၏ ဓာတ်ပုံလက်ရာများမှာ မြန်မာနှင့် အရှေ့တောင်အာရှရှိ အကြောင်းကိစ္စရပ်တစ်ခွင်ကို ခြုံငုံမိသည်။ သို့သော် သူသည် စိတ်ဒဏ်ရာအလွန် သောကကစဉ့်ကလျားဖြစ်ခြင်း၊ ဆေးစွဲခြင်း၊ နေရာပြောင်းရွှေ့ခံရခြင်းနှင့် ရောဂါဘယတို့ကို ခံစားရင်ဆိုင်နေရသော လူများကို သတင်းမှတ်တမ်းပြုရန် အထူးစိတ်ဝင်စားမှုရှိသည်။
    ဤအခြေအနေတွင်း ကျရောက်နေသာ သူများမှာ သူတို့၏ နေရပ်ဒေသများကို ထည့်သွင်းမစဉ်းစားဘဲ တူမျှသော စိတ်ဓာတ်ဖြင့် သူတို့၏ ပြဿနာများကို ရင်ဆိုင်ကြပုံကို သတိပြုသိမှတ်လျက် သူတို့၏ ဘဝများကို မော်ကွန်းထိုးရန် လောရင်က ရှာဖွေပြီး သူတို့အပေါ် မျှဝေခံစားမှု၊ နားလည်မှုနှင့် လက်ခံမှုတို့ကို မြှင့်တင်ပေးသည်။ 

    ကမ္ဘာတဝန်းရှိ လူများ၏ ဘဝကို ဓာတ်ပုံရိုက်ခြင်းက ထိုသူများကဲ့သို့ အခြေအနေမျိုး လက်လှမ်းလုံးဝမမီသော သူများကို သူရွေးချယ်ရိုက်ကူးသော အကြောင်းရပ်များမှာ သူတို့၏ မိဘ၊ သားချင်း၊ သို့မဟုတ် မိတ်ဖက်များလည်း လွယ်ကူစွာ ဖြစ်နိုင်ကြောင်း နားလည်စေသည်။ 

    သူ၏ လက်ရာများကို နျူးယောက်တိုင်း၊ ဝေါလ်စထရိဂျာနယ်၊ တိုင်းဒေါ့ကွမ်၊ ၀ါရှင်တန်ပို့စ်၊ ဘလူးမ်မင်းဘဇ္ဇန်စ်ဝိခ်၊ ဂါဒီယန်း၊ စီအဲန်အဲန်၊ ယူအက်စ်အေ တူဒေး၊ ဖောရိန်းပေါ်လစီ၊ အဲလ်ဂျာဇီယား၊ ဂလိုဘယ်ပို့စ်၊ အဲန်ပီအာရ်၊ အက်စ်အီး အေးရှား ဂလုပ် မဂ္ဂဇင်း၊ ဂျာကာတာ ဂလုပ်နှင့် ကမ္ဘောဒီးယားနေ့စဉ်တို့တွင် ပုံနှိပ်ထုတ်ဝေခဲ့ပြီး ဖြစ်သည်။ 
    လောရင်းသည် ဂျက်တီ (Getty Reportage's Emerging Talent roster)အဖွဲ့ဝင်လည်း ဖြစ်သည်။ 

  • Yu Yu Myint Than

    ဓာတ်ပုံဆရာမ
    Close

    Yu Yu Myint Than

    ဓာတ်ပုံဆရာမ

    ယုယုမြင့်သန်းသည် ရန်ကုန်အခြေစိုက် မြန်မာ သတင်းဓာတ်ပုံဆရာဖြစ်သည်။ အင်္ဂလိပ်စာ မဟာဝိဇ္ဇာဘွဲ့ကို သင်ယူရရှိပြီးနောက် ယုယုသည် ဆရာတစ်ဦးနှင့် ဆရာဖြစ်သင် သင်တန်းဆရာ ဖြစ်လာခဲ့သည်။ ဓာတ်ပုံပညာအပေါ် သူ၏ စွဲလန်းမှုဝါသနာနောက်သို့လည်း လိုက်နေခဲ့သည်။ 

    ၂၀၁၄ တွင် ဂုဏ်သိက္ခာကြီးမားသော ပတ်ရှလ တောင်အာရှ မီဒီယာ သိပ္ပံတွင် နိုင်ငံတကာ သင်တန်းတက်ရောက်ရန်ပါ ပါဝင်သော သတင်းထောက်လှမ်းရေးသားခြင်း အလုပ်ရုံဆွေးနွေးပွဲ သုံးလကြာ ပညာရေးအစီအစဉ်အတွက် ပညာသင်ဆုကို ရခဲ့သည်။ အစီအစဉ်ပြီးဆုံးသည့်နောက် ယုယုမှာ မြန်မာတိုင်း အတွက် ဝန်းထမ်း ဓာတ်ပုံဆရာ ဖြစ်လာသည်။ 

    သူက ကချင်လူငယ်များကို ဓာတ်ပုံသင်တန်းပေးရင်း ရှမ်းပြည်နယ်တွင် လုပ်ကိုင်ခဲ့သည်။ ဒေသတွင်း  ဓာတ်ပုံသမားများနှင့် ရုပ်ရှင်ရိုက်ကူးသူများအတွက် ရင်းမြစ်များ ဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်နေသည့် အကျိုးမမျှော်အဖွဲ့အစည်းတစ်ခုဖြစ်သည့် မြန်မာဒိတနှင့် လက်ရှိလုပ်ကိုင်နေသည်။ ၂၀၁၃ ခုနှစ်တွင် ဗုဒ္ဓဘာသာဝင်များနှင့် မွတ်ဆလင်များကြား အုပ်စုလိုက်အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ရာ လူဒါဇင်နှင့်ချီကာ အသက်ဆုံးရှုံးခဲ့ပြီး မြို့၏ ကြီးမားသော အစိတ်အပိုင်းများ ဖျက်ဆီးခံခဲ့သော မြန်မာနိုင်ငံအလယ်ပိုင်းရှီ မိတ္ထီလာမြို့တွင်းမှ ဘဝများကို မှတ်တမ်းတင်ရန် ဆက်လက်လုပ်ကိုင်နေသည်။ 

  • Andre Malerba

    ဓာတ်ပုံဆရာ
    Close

    Andre Malerba

    ဓာတ်ပုံဆရာ

    အန်ဒရေ မယ်လာဘာ သည် မြန်မာနိုင်ငံတွင် နေထိုင်သော အမေရိကန် သတင်းဓာတ်ပုံဆရာဖြစ်သည်။ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကြောင်းရပ်များကို ခြေခြေမြစ်မြစ် သိရှိမှုကို တည်ထောင်ရန် ၂၀၁၃ အစောပိုင်းကတည်းက လုပ်ဆောင်ခဲ့သည်။ ထွေပြားစုံလင်သော အလုပ်အပ်နှံမှုများကို သူ ရိုက်ကူးခဲ့သော်လည်း ကာလရှည်လုပ်ဆောင်ရသော ပရောဂျက်များနှင့် အပြည့်အဝကိုယ်စားမပြုနိုင်သေးသော သတင်းဖြစ်ရပ်များအပေါ် သူက အာရုံစူးစိုက်ထားသည်။ သူ၏ ပုံရိပ်များတွင် ပါဝင်သည့် လူများနှင့် အပြန်အလှန် လေးစားမှုပေါ်တွင်ရှိသော ဆက်စပ်မှုတည်ဆောက်ခြင်းကို တိုးတက်စေသည်။ 

    ဆုရွေးချယ်ခံရမှုနှင့် ဂုဏ်ပြုခံရခြင်းများတွင် ဂုဏ်သိက္ခာကြီးများသော မဂ္ဂနမ် ဖိုတို ၃၀၊ ၂၀၁၅တွင် စောင့်ကြည့်ရမည့် အသက် ၃၀ အောက် ဓာတ်ပုံဆရာများ၊ ၂၀၁၄ တွင် ပြုလုပ်သည့် ဖောင်ဒရီ ဓာတ်ပုံသတင်းစာပညာ အလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက်ရန် အပြည့်အဝ ပညာသင်ဆု နှင့် ၂၀၁၂ တွင်ပြုလုပ်သော ၂၅ ကြိမ်မြောက် အက်ဒီအဒမ် အလုပ်ရုံဆွေးနွေးပွဲတွင် ပါဝင်တက်ရောက်ခွင့်ရခဲ့ခြင်းများ ပါဝင်သည်။ 

    သူ့လက်ရာများကို ပုံနှိပ်နှင့် အွန်လိုင်းတွင် နိုင်ငံတကာအတိုင်းအတာအရ ဖော်ပြထုတ်ဝေခဲ့ရာ တိုင်းဒေါ့ကွမ်၊ ဘီဘီစီ၊ အယ်လ်ဂျာဇီးယာ အမေရိက၊ ၀ါရှင်တန်ပို့စ်နှင့် ပရို ဖိုတိုဂရပ်ဖာမဂ္ဂဇင်းများတွင် ပါဝင်ခဲ့သည်။ 

    နိုင်ငံတကာ ကလေးများကယ်တင်ရေး နှင့် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ အပါအဝင် အစိုးရမဟုတ်သော အဖွဲ့အစည်းများစွာနှင့် သူက တွဲဖက်လုပ်ကိုင်ခဲ့သည်။ 

  • Minzayar

    ဓာတ်ပုံဆရာ
    Close

    Minzayar

    ဓာတ်ပုံဆရာ

    မင်းဇေယျာသည် အလွတ်တန်း မြန်မာ သတင်းဓာတ်ပုံဆရာဖြစ်သည်။ မြန်မာနိုင်ငံ၏ ကြားဖြတ်ရွေးကောက်ပွဲများအတွင်း အင်တာနေရှင်နယ် ဟာရဲလ်ဒ်ထရီဗျူး သတင်းစာ၏ မျက်နှာဖုံးတွင် ဖေါ်ပြခြင်းခံရသော မင်းဇေယျာ၏ ဓါတ်ပုုံဖြစ်သော ဒီမိုကရေစီအထင်ကရ ပုုဂ္ဂိုလ် အောင်ဆန်းစုကြည်၏ ဓာတ်ပုံုကိုု ဖော်ပြခံရခြင်းသည် သူ၏ ပထမဆုံး နိုင်ငံတကာအဆင့် ထိုးဖောက်အောင်မြင်ခဲ့ခြင်းပင် ဖြစ်သည်။

    သူသည် ရန်ကုန်အခြေစိုက်ဖြစ်ပြီး ရိုက်တာ၊ New York Times နှင့် အခြား မီဒီယာများအတွက် လုပ်ကိုင်ပေးသည်။ ၂၀၁၄ တွင် ဖြစ်ပွားခဲ့သော ရိုဟင်ဂျာ ကျန်းမာရေးအကျပ်အတည်းကဲ့သို့သော မြန်မာနိုင်ငံ၏ အရေးကြီးသော သတင်းနှင့် အကြောင်းကိစ္စများစွာကို ရိုုက်ကူးခဲ့သည်။ သူ၏ လက်ရာများကို တိုင်း၊ နျူးယောက်တိုင်း၊ နေရှင်နယ် ဂျီအိုဂရပ်ဖစ်၊ ဂျီအီးအို မဂ္ဂဇင်းနှင့် 6MOIS ခြောက်လတစ်ကြိမ်ထုတ် မဂ္ဂဇင်းတို့တွင် ပုံနှိပ်ထုတ်ဝေခဲ့သည်။ မင်းဇေယျာသည် ရန်ကုန်ဓာတ်ပုံပွဲတော်၊ တရုတ်နိုင်ငံတကာ သတင်းဓာတ်ပုံပြိုင်ပွဲနှင့် ထိုင်း အာရှပစိဖိတ် နိုင်ငံခြားသတင်းထောက်ကလပ်၏ ဖိုတိုဂျာနယ်လစ်ဇင် ပြိုင်ပွဲများတွင် ဆုများ ရရှိခဲ့သည်။

    ပဋိပက္ခများဖြင့် ကစဥ့်ကလျားဖြစ်နေခဲ့သော ကချင်ပြည်နယ်တွင်း ဖုံးကွယ်လျှို့ဝှက်ထားသော ဒေါ်လာဘီလျံချီတန်သည့် မြန်မာ့ကျောက်စိမ်းတူးဖော်ရေးလုပ်ငန် နှင့် ၄င်းမှ ရိုုက်ခတ်လာသော ပြဿနာများကို ၂၀၁၃ မှစ၍ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့သည်။ ရိုဟင်ဂျာမိသားစုများနှင့်  မလေးရှားသို့ ထွက်ပြေးလာစဉ် ထိုင်းနိုုင်ငံရှိ ဒုုက္ခသည် စခန်းများတွင်  အဖမ်းခံရသော မိသားစုုဝင်များ ကြား  Skype ကိုု အသုံုးပြုပြီး  ပြန်လည်ပေါင်းစည်းမှုများကိုု မှတ်တမ်းတင်ခဲ့သော မင်းဇေယျာ၏ ဓါတ်ပုံုများမှ ၄င်းတိုု့ ၏ ဒုုက္ခနှင့် အကြပ်အတည်းကိုု သိသာထင်ရှားစေပါသည်။