Location
  • Rakhine

ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတွင်ကျယ်လာသည် နှင့်အမျှ

မြန်မာ့ ကမ်းခြေများကို ခြိမ်းခြောက်နေသော သဲထုတ်လုပ်ခြင်းလုပ်ငန်း။

Images by
Lauren DeCicca
Text by
Lauren DeCicca and Paul Vrieze
၂၀၁၇ခုနှစ်၊ ငပလီကမ်းခြေ၊ ရခိုင်ပြည်နယ်။ အုန်းပင်အုန်းလက်တို့ဖြင့် စီဖြာနေသော သဲဖြူလွလွ ငပလီကမး်ခြေသည် မိုးကုပ်စက်ဝိုင်းကို မေးတင်နေသကဲ့သို့ ငပလီ၏ မပျက်စီးဘဲ သဘာဝအတိုင်းရှိနေသည့် ရှုမျှော်ကင်းတို့သည် သဘာဝ ကမ်းခြေအလှကို ကြည့်ရှုရန် လာရောက်သူ ခရီးသည်များအား အေးမြမှု အပြည့်အဝပေးလျက်ရှိပါသည်။

ငပလီ၏လှပသောကမ်းခြေများသည် ခရီးသွားများကို ဆွဲဆောင်နေပါသော်လည်း ၎င်းတို့အတွက် စားသုံးကုန်ထုတ်လုပ်မှုသည် ပြည်တွင်းသဲထုတ်လုပ်မှုဆိုးကျိုးများပေါ်သက်ရောက်နေပါသည်။

Lauren DeCicca/NRGI
ခရီးသည်များမသိကြသည့် အချက်တစ်ချက်မှာ ၄င်းတို့ တည်းခိုသည့် တိတ်ဆိတ်အေးချမ်းသော ဟိုတယ်များ နှင့် စားသောက်ဆိုင်များသည် ရခိုင်ပြည်နယ် တောင်ဘက်ပိုင်းတွင် တည်ရှိသော ကမ်းခြေများတည်ရှိမှုကို ခြိမ်းခြောက်လျက်ရှိပါသည်။

ငပလီကိုရောက်သည့် ပထမညတွင် စိတ်ဖိစီးမှုကို ဖြေဖျောက်ရန် ကမ်းခြေတွင် လမ်းလျှောက်ပြီး တိုက်ခိုက်လာသော လေနုအေးလေးများကို ခံစားခဲ့ပါသည်။ သို့သော် လွတ်လပ်ခဲ့သော စိတ်များသည် မိတ်ဆွေ အိုလီဗာစိုးသက်မှ ကားတာရာ ကုန်တင်ကားများကို ညွှန်ပြခဲ့သည့်နောက်တွင် စိတ်နောက်ကျိသွားပါတော့်သည်။ ၄င်းသည် တိုးတက်လာသော ခရီးသွားလုပ်ငန်းမှ သဘာဝပတ်ဝန်းကျင်ပေါ်သို့ ရိုက်ခတ်သော ဆုတ်ယုတ်မှုတစ်ခုပင်ဖြစ်ပါတော့သည်။

“သဲတူးဖေါ်ခြင်းများ ၊ တောအုပ်များမှ ကမ်းခြေသို့ ဦးတည်ပြီး မောင်းနှင်လာသည့် ကုန်တင်ကားကြီးများ၏ ကားသွားရာများ နှင့် ဟိုတယ်ဆောက်လုပ်ရေးလုပ်ငန်းခွင်အနီးရှိ သဲပုံကြီးတို့သည် သဲထုတ်လုပ်ခြင်းလုပ်ငန်း၏ အကျိုးဆက်များဖြစ်တယ်” ဟု မြန်မာနာမည် ခံယူထားသေ အိုလီဗာအမည်ရှိ ဂျာမန်အမျိုးသားမှ ကျွန်မအားပြောခဲ့သည်။

အိုလီဗာမှာ စားဖိုမှူးအဖြစ် စတင် လုပ်ကိုင်ခဲ့ပြီး ယခုအချိန်တွင် ရေရှည်အကျိုးဆက်ဖြစ်စေသော Laguna Lodge ကို ဦးဆောင် လည်ပတ်နေလျက်ရှိပါသည်။ ကြီးကြပ်မှုမရှိဘဲ အထိန်းအဆမရှိ လည်ပတ်နေသော သောင်ပြင်မှသဲများကို ထုတ်ယူလျက်ရှိခြင်းသည် အိုလီဗာအား အကြီးအကျယ် ဒေါသထွက်စေပါသည်။

Lauren DeCicca/NRGI
“တကယ်တော့ ဒီလို ဟိုတယ်တွေရဲ့ လုပ်ဆောင်ချက်တွေဟာ တစ်နပ်စားပဲ၊ ရေရှည်ကိုမကြည့်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒီလို ငပလီရဲ့ သဲနုတွေ ဆုံးရှုံးသွားခြင်းဟာ ငပလီရဲ ့ ပုံရိပ်ကို ထိခိုက်စေပြီး ငပလီကို လာတဲ့ မြောက်များစွာသော ခရီးသွားများအပေါ် အကြီးအကျယ်ရိုက်ခတ်နိုင်လို့ပါပဲ။” လို့ အိုလီဗာက ပြောကြားခဲ့ပါတယ်။

ဒီသဲတူးဖေါ်ခြင်းဟာ ငပလီရဲ့ ခရီးသွားလုပ်ငန်းကို ထိခိုက်စေရုံမျှမက ငပလီကမ်းရိုးတန်းတစ်လျှောက်နေနထိုင်ကြသော ဒေသခံများ၏ ဘဝများအပေါ်ပါ ရိုက်ခတ်နိုင်သောကြောင့် နိုင်ငံရေးပါတီများအနေဖြင့်လည်း မိုင်းတွင်းများ၏ အကျိုးဆက်အပေါ် ယခုထပ်ပိုပြီး အာရုံစိုက်သင့်သည် ဟု အိုလီဗီမှ ထောက်ပြပြောဆိုသွားပါသည်။

Lauren DeCicca/NRGI
အပျက်အားပေး ဖွံ့ဖြိုးတိုးတက်မှုယခင်စစ်အစိုးရလက်ထပ် တွင် ငပလီဒေသကို နိုင်ငံခြားသား ခရီးသွားများအတွက် ဇိမ်ခံ အပန်းဖြေနေရာအဖြစ်စတင်သပ်မှတ်လိုက်သည့်အချိန်မှ ဖြစ်သော ၁၉ ၉ ဝ ပြည့်နှစ်များတွင်း ငပလီဒေသတွင် ကမ်းခြေမှ သဲများတူးယူခြင်း နှင့် ကုန်းတွင်းမြစ်များနှင့် စမ်းချောင်းများမှ သဲတူးခြင်း တို့ကို စတင်လုပ်ကိုင်ခဲ့ပါသည်။

မြန်မာ့ ဒီမိုကရေစီ အကူးအပြောင်းစတင်သော ၂၀၁၁မှစတင်ပြီး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သော နိုင်ငံခြားသား ခရီးသည်အရေအတွက် သိသိသာသာတိုးပွားလာခဲ့ပါသည်။ Asian Development Bank စာရင်းများအရ ကမ္ဘာလှည့် ခရီးသွားများမှ မြန်မာနိုင်ငံတွင်း သုံးစွဲသည့် ငွေကြေးပမာဏမှာ ၂၀၁၅ ခုနှစ်အတွင်း ကန်ဒေါ်လာ ၂.၁ သန်းအထိ ၁၉ ရာနှုန်းထိတိုးတက်လာခဲ့ပါသည်။

Drag Left or Click Image to Start Slideshow

ပြည်တွင်းရှိ စီးပွားရေးသမားများမှလည်း ငပလီတွင် ဟိုတယ် နှင့် ခရီးသွား လုပ်ငန်းများအတွက် ရင်းနှီးမှု အမြောက်အများရှိလာကြသည်။ ငပလီကဲ့သို့ ကမ်းခြေဒေသများဖြစ်သော ငွေဆောင်နှင့် ချောင်းသာကမ်းခြေဒေသများတွင်လည်း ခရီးသွားလုပ်ငန်းများတိုးတက်လာပြီး ကမ်းပါးသားထုတ်လုပ်မှုအခြေအနေများ ဆိုးသထက်ဆိုးလာသည်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများနှင့် ပတ်သတ်သည့် Facebook group တစ်ခုမှ သဲတွင်းများကြောင့်ဖြစ်လာသည့် ချောင်းသစ်တစ်ခု၏ ဓါတ်ပုံကို ဖေါ်ပြခဲ့ပါသည်။

ကျွန်မတို့ သွားရောက်ခဲ့သည့် ၂၀၁၇ ဖေဖေါ်ဝါရီ ကာလအတွင်း ငပလီကမ်းခြေတစ်လျောက်တွင် သဲတူးဖေါ်ရေးလုပ်ငန်းများမှာ အလုပ်သမားများ သဲများသယ်ဆောင်နေသည်ကို သိသိသာသာတွေ့မြင်နိ်ုင်ပါသည်။ အလုပ်သမားများအဆိုရ မြစ်တွင်းမှ သဲထုတ်လုပ်မှာ ၁ တန်ကို ဒေါ်လာ ၂၀ ပေါက်ပြီး ကမ်းခြေသဲများမှာ ၁တန်ကို ဒေါ်လာ၃၀ ပေါက်ဈေးရှိပါသည်။

သဲထုတ်လုပ်ရေးလုပ်ငန်းများမှ မည်မျှပင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေကာမူ ထိုသို့ သဲသောင်များ နှင့်မြစ်ကြောင်းများမှသဲထုတ်လုပ်မှုမှာယခုအချိန်အထိတရားဝင်လုပ်ငန်းအဖြစ်သတ်မှတ်ထားဆဲဖြစ်ပါသည်။ သဲတွဲမြို့ နှင့် အနီးဝန်းကျင်တွင်းရှိ မြစ်ကြောများတွင် သဲထုတ်လုပ်မှုလုပ်ငန်းများ တွင်တွင်ကျယ်ကျယ်လုပ်ကိုင်နေသည်ကို တွေ့ရပါသည်။

ချောင်းငယ်တစ်ခု အနီးရှိ လယ်ကွက်များကို ပိုင်ဆိုင်သော သက်သက်ကြီး အဆိုအရ ယခု မကြာသေးသည့် ကာလအတွင်း မြစ်တွင်းသဲထုတ်လုပ်မှုများကြောင့် သူမလယ်အတွင် ပင်လယ်ရေငန်ဝင်မှုများ ဖြစ်ပေါ်ပြီး မြေဆီလွှာကို အပျက်အစီးမှုများ ပိုမိုဖြစ်ပေါ်လာကြောင်းပြောပြသည်။

အခြားလယ်သမားတစ်ဦးဖြစ်သော မြသန်းမှလည်း “အခုချိန်မှာ ကျွန်တော်တို့ စိုက်နိုင်တာ မြေပဲတစ်မျိုးပဲရှိတော့တယ်။ မြစ်ရေဝင်ပြီး နုန်းမြေမှာ စိုက်ပျိုးနိုင်တာမြေပဲ ပဲရှိတယ်”ဟု ရင်ဖွင့်ခဲ့ပါသည်။

Lauren DeCicca/NRGI
ကမ္ဘာ့ပြသနာ တစ်ခုအထက်တွင် ဖေါ်ပြခဲ့သော ငပလီကမ်းခြေဒေသ၏ အခြေအနေသည် ကမ်းခြေ၊မြစ်ချောင်းများတိုက်စားပျက်စီးမှုကို ဖြစ်ပေါ်စေပြီး နိုင်ငံတကာနှင့် သက်ဆိုင်သော ပြသနာတစ်ရပ်ပင်ဖြစ်သည်။ သဲထုတ်ယူခြင်းသည် လွန်ခဲ့သော ၁၀ စုနှစ်အတွင်း ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိသော ရေရှည်တည်မြဲခြင်းမရှိသည့် လုပ်ငန်းတစ်ခုလည်းဖြစ်ပါသည်။ အထူးသဖြင့် အာရှတိုက်တွင် မိုးမျှော်တိုက်များစွာကို ဆောက်လုပ်သော တရုတ်နိုင်ငံ နှင့် ကျွန်းနိုင်ငံဖြစ်သော စင်္ကာပူတို့သည့် ၁၉ ၆၅ ခုနှစ်မှစပြီး ၂၂ ရာနှုန်းအထိ သဲပမာဏသုံးစွဲလျက်ရှိသည်။.

ကမ္ဘာ့ကုလသမဂ္ဂထုတ်ပြန်မှုတစ်ခုအရ သဲထုတ်လုပ်ရေး လုပ်ငန်းများအနီးရှိသဲများ သိသိသာသာ ပြုန်းတီးသွားပြီး ယင်းအခြေမှ ရေတိုက်စားခြင်း၊ပတ်ဝန်းကျင်ညစ်ညမ်းခြင်းနှင့် ဒေသတွင်း အဓိကစီးပွားရေး တစ်ခုဖြစ်သော ငါးလုပ်ငန်းကို ထိခိုက်မှုများ ဖြစ်စေကြောင်း ထုတ်ပြန်ခဲ့ပါသည်။

လန်ဒန်အခြေစိုက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ဖြစ်သော Global Witness နှင့် အခြား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားသူများမှစင်္ကပူအား အင်ဒိုနီးရှား နှင့် ကမ္ဘောဒီးယား နိုင်ငံမှ သဲများကို ရေရှည်အကျိုးဖြစ်ထွန်းမှုမရှိသော လုပ်ငန်းများအတွက် အမြောက်အများတူးယူခြင်းနှင့်ပတ်သတ်ပြီး စွတ်စွဲ အပြစ်တင်ထားပါသည်။၄င်းတို့အဆိုအရ ကမ္ဘောဒီးယားတို့ကဲ့သို မများသော်လည်း မြန်မာနိုင်ငံမှ လည်း စင်္ကာပူသို့ သဲရောင်းချခြင်းများ ရှိကြောင်းသိရှိရပြီး တစ်နှစ်ထက်တစ်နှစ် တင်ပို့ရောင်းချမှုပမာဏ များသထက်များလာပြီး ၂၀၁၄ ခုနှစ်တွင် ကန်ဒေါ်လာ ၁၅ သန်းတန်ဖိုးရှိ သဲများ ထုတ်လုပ်ရောင်းချခဲ့ပါသည်။

Lauren DeCicca/NRGI
အသိပညာပေးခြင်းများ တိုးမြှင့်လုပ်ဆောင်ခြင်း ရန်ကုန်မြို့ Myanmar Centre for Responsible Business (MCRB) အဖွဲ့အစည်း မှ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများကို ဖြစ်ပေါ်စေသောကြောင်းတားမြစ်ထားပြီး ခရီသွားလုပ်ငန်းများ နှင့် ရေထွက် ဂေဟစနစ်ကို အမှီပြုသော ဒေသခံများ၏ အသက်မွေးဝမး်ကြောင်းမှု လုပ်ငန်းများကို ထိခိုက်စေသောကြောင့် ကမ်းခြေများတွင် သဲထုတ်ယူမှုများကို မပြုလုပ်ကြရန်တားမြစ်ထားပါသည်။

ထို့အပြင် ကမ်းခြေသဲများသည် ပင်လယ်လှိုင်းများပွတ်တိုက်မှုကြောင့် အခြားသဲများထက် ပိုမိုချောမွေ့သောကြောင့်လည်းကောင်း ထိုသဲမြေအသုံးပြုပြီး ဘိလပ်မြေနှင့် ကွန်ကရစ်ဖျော်ရာတွင် ကုပ်ယူနိုင်မှု နည်းပါးသောကြောင့် ကမ်းခြေသဲများသည် ဆောက်လုပ်ရေး လုပ်ငန်းအတွက် သင့်တော်မှု နည်းကြောင်း ဖေါ်ပြထားချက်များလည်းရှိပါသည်။

Lauren DeCicca/NRGI
MCRB မှ ဧရာဝတီတိုင်းမှ ပုသိမ်မြို့နယ် အထွေထွေ စီမံခံ့ခွဲရေး ဌာနနှင့် ဇွန်လတွင် ဆွေးနွေးမှုများ ပြုလုပ်ပြီး ၄င်းတို့ခွင့်ပြုထားသော ငွေဆောင်ကမ်းခြေမှာ အတိုင်းအဆမရှိ သဲထုတ်လုပ်ခြင်းလုပ်ငန်းများကို ကုမ္ဗဏီတစ်ခုလျှင် ကန်ဒေါ်လာ ၂၃ဒေါ်လာ လစဉ်အလှူငွေကောက်ယူပြီး ခွင့်ပြုထားခြင်းနှင့်စပ်လျှဉ်းပြီး စုံစမ်းမှုများ ပြုလုပ်ခဲ့ပါသည်။

ယခုအခါ MCRB မှ ပြည်ထောင်စုအစိုးရ နှင့် ဒေသဆိုင်ရာ အာဏာပိုင်များကို ကမ်းခြေများကို ကာကွယ်ထိန်းသိမ်းရန် သဲထုတ်လုပ်ခြင်းလုပ်ငန်းကို ထိန်းချုပ်မှုများ ပြုလုပ်ရေးနှင့် သဲထုတ်လုပ်ခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများ ဖြစ်စေနိုင်ကြောင်း အသိပညာပေးမှုများ ပြုလုပ်လျက်ရှိပါသည်။

ဒေသတွင်း စီးပွားရေးလုပ်ငန်းများ နှင့် အာဏာပိုင်းများအနေဖြင့် သဲထုတ်လုပ်ခြင်းနှင့် ပတ်သတ်ပြီး တာဝန်ယူမှုများ ရှိရန်လိုအပ်သော်လည်း မြောက်များစွာသော ဒေသဆိုင်ရာ လုူထုအနေဖြင့် သဲထုတ်လုပ်ခြင်း နှင့်ပတ်သတ်သည့် အကျိုးဆက်များ နှင့် ပတ်သတ်ပြီး လွန်စွာ ဗဟုသုတ နည်းပါးလျက်ရှိနေဆဲဖြစ်သည်။

ငပလီကမ်းခြေနေ သိပ်မဝေးသော ဂွကျေးရွာမှ ငါးဖမ်းခြင်းနှင့် အသက်မွေးသော ရွာသားများမှ မနှစ်က သံတွဲ လေဆိပ်ဆောက်လုပ်ခြင်းအတွက် မြောက်များစွာသော ကမ်းခြေသဲများကို ထုတ်လုပ်ခွင့်ပြုပေးထားကြောင်း ကြားသိရသည်။ ထိုအတွက် အပြန်အလှန်အနေဖြင့် ကုမ္ဗဏီမှ ဂွကျေးရွာ ဘုန်းကြီးကျောင်းသို့သွားသည့် လမ်းသစ်ဖေါက်လုပ်ပေးခဲ့သည်။

ငပလီကမ်းခြေရှိ အုန်းပင်များအောက်တွင် ခရီးသည်များကို စောင့်စားနေသော လှေသမား ဇော်မင်းဦး မှ သူ့အနေဖြင့် ဒေသခံလူထု၊စီးပွားရေးလုပ်ငန်းရှင်များနှင့် ဒေသဆိုင်ရာ အာဏာပိုင်များအနေဖြင့် သဲထုတ်လုပ်ခြင်းလုပ်ငန်း၏ ရေရှည် အကျိုးဆက်များကိုတစ်နေ့နေ့တွင် နားလည်သဘောပေါက်စေရန် သူမျှော်လင့်မိကြောင်း ပြောပြခဲ့ပါသည်။ “ကျုပ်အနေနဲ့ကတော့ သူတို့ သဘာကို မဖျက်စီးစေချင်ဘူး” ဟု ရင်ဖွင့်ခဲ့ပါသည်။

The UNEARTH project is supported by the Natural Resource Governance Institute and was initiated as part of its Extractive Industries Photo Documentary Project.