Location
  • Shan

ငြိမ်းချမ်းရေး ကို မလိုလားမှုကြောင့် ရှမ်းပြည်နယ် ရှိ တန်ဖိုးကြီး

သဘာဝသယံဇာတများ ကို ပြုန်း တီးစေခြင်း။

Images by
Suthep Kritsanavarin
Text by
Suthep Kritsanavarin and Jittima Jantanamalaka
၂၀၁၈ခုနှစ်၊ မိုင်းရှုး မြို့ နယ်၊ ရှမ်းပြည်နယ်၊“ခိုသွေးရောင် ပတ္တမြားကို မြင်ရဖို့ဆိုတာ ဘုရား ရဲ့ မျက်နှာကို မြင်ရဖို့ လိုပဲ ခဲယဉ်းလှပါတယ်။”

အဆိုပါ စကားကို အမေရိကန်မှ ကျောက်မျက်ပညာရှင် Richard W. Hughes က မြန်မာ့ ကုန်သည်တစ်ယောက် အား ပြောပြခဲ့ခြင်းဖြစ်ပြီး ထို စကားအရပင် ကမ္ဘာ့ အရည်အသွေး အကောင်းဆုံး ပတ္တမြား ၏ ရှားပါးမှု ကို ခန့်မှန်းမိနိုင်ပါလိမ့်မည်။ ခိုသွေးရောင် ပတ္တမြားကို ကမ္ဘာပေါ် တွင် ရှာတွေ့နိုင်သည့် နေရာ လက်တစ်ဆုပ် စာ ခန့်သာ ရှိပါသည်။ အသွေးလှ သည့် အနီရောင်၊ အပြာရောင် နှင့် ခရမ်းပြာရောင် တို့ ပေါင်းစပ်ထားသည့် ပတ္တမြားဖြစ်သည့် အတွက် ကမ္ဘာပေါ်တွင် လက်ရာအမြောက်ဆုံး နှင့် ဈေးအကြီးဆုံး ကျောက်မျက်ရတနာများ ထဲမှ တစ်ခု ဖြစ် နေပါသည်။

Suthep Kritsanavarin/NRGI
မြန်မာနိုင်ငံ ရတနာ မိုင်းတွင်းမှ ထွက်သည့် ခိုသွေးရောင် ပတ္တမြား ဖြင့် လုပ် ထားသော နေထွက် ပတ္တမြား လက်စွပ် ကို မေလ၊ ၂၀၁၅ ခုနှစ် တွင် ဂျာနီဗာမြို့ ရှိ Sotheby ကျောက်မျက် လေလံပွဲ တွင် လေလံတင်ရောင်းချခဲ့ပါသည်။ အဆိုပါ အရောင်အသွေး စုံလင်လှသော ၂၅.၅၉ ကာရတ်ရှိ ပတ္တမြားကို ကမ္ဘာစံချိန်တင်ဈေးနှုန်းဖြစ်သည့် အမေရိကန် ဒေါ်လာ သန်း ၃၀ ကျော်ဖြင့် ရောင်းချနိုင်ခဲ့ပါသည်။.

၂၀၁၁ ခုနှစ် နှင့် ၂၀၁၅ ခုနှစ် အတွင်း ကမ္ဘာတစ်ဝန်းတွင် လေလံတွင်ရောင်းချခဲ့သည့် ဈေး အကြီး ဆုံး ပတ္တမြား ကျောက်မျက် (၁၀) ခု ၏ စုစုပေါင်း တန်ဖိုးသည် အမေရိကန်ဒေါ်လာ (၈၅) သန်းကျော် ရှိပြီး အဆိုပါ ပတ္တမြား အားလုံးသည် မြန်မာနိုင်ငံမှ ဖြစ်ပါသည်။ ထို အထဲတွင် မြန်မာ နိုင်ငံ၊ မန္တလေးတိုင်း၊ မိုးကုတ် မှ ထွက်သည့် ခိုသွေးရောင် ပတ္တမြား (၅) ခု ပါဝင်ပါသည်။ ထို အပြင် ရှမ်းပြည်နယ်၊ မိုင်းရှုး ရှိ ရတနာမိုင်းများမှ လဲ အရည်အသွေးအကောင်းဆုံး ကျောက်မျက် များ ထွက်ရှိပါသည်။ ကမ္ဘာပေါ် ရှိ ပတ္တမြား ဈေးကွက်တွင် ရှိသမျှ ပတ္တမြား ၏ ၉၀% သည် အဆိုပါ ဒေသ နှစ်ခု မှ ထွက်ခြင်းဖြစ်သည်။ ထို အခါ မေးခွန်းတစ်ခု ရှိလာသည်မှာ ထို ငွေ အမြောက် အမြား သည် ဘယ်ကို ရောက်သွားကြပါသလဲ။

Suthep Kritsanavarin/NRGI
မြန်မာနိုင်ငံ အရှေ့ မြောက်ဖက်ပိုင်းရှိ ရှမ်းပြည်နယ် သည် ဆယ်စုနှစ်ပေါင်းများစွာ ကြာရှည်သည့် ပဋိပက္ခများစွာ ဖြစ်ပွားရာဒေသ တစ်ခု ဖြစ်ပါသည်။ ကမ္ဘာ့ အရည်အသွေး အကောင်းဆုံးပတ္တမြား အများအပြားကို မန္တလေးတိုင်းရှိ မိုးကုတ်ဒေသ မှ ထွက်ရှိကြောင်းကို အများသိကြပြီးဖြစ်ပါသည်။ ထိုအပြင် ရှမ်းပြည် တပ်မတော် မြောက်ပိုင်း ထိန်းချုပ်နယ်မြေအတွင်းရှိ မိုင်းရှုး ဒေသ သည်လည်း နှစ်ပေါင်း (၃၀) ကြာအောင် အရည်အသွေး အကောင်းဆုံး ပတ္တမြား များကို အကြီးစား ထုတ်လုပ် လျှက်ရှိပါသည်။

မြန်မာ-ထိုင်းနယ်စပ်ရှိ လွိုင်တိုင်းလျန်း သည် ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S) ၏ ဌာန ချုပ်တည်ရှိရာ တောင်တန်းဒေသ တစ်ခုဖြစ်ပါသည်။ ထိုဒေသ တွင် ရှမ်းပြည်နယ်မှ ထွက်သည့် ကျောက်မျက်များကို သွေးပေးသည့် စက်ရုံ အသေးစားများ တည်ရှိပါသည်။ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-N) နှင့် ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S) တို့သည် ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) တို့ ၏ စစ်ရေးအဖွဲ့ အသီးသီး ဖြစ်ကြပါသည်။ မြန်မာနိုင်ငံ ၏ အခြား ပဋိပက္ခများဖြစ်ပွားရာဒေသများ ကဲ့သို့ ပင် အဆိုပါ အဖွဲ့များသည် ပတ္တမြား လုပ်ငန်းတွင် ကုန်သွယ်ခြင်း၊ သယ်ပို့ပေးခြင်း နှင့် အခွန်ကောက်ခြင်း တို့မှ တဆင့် အကျိုးအမြတ်ရရှိကြပါသည်။

Suthep Kritsanavarin/NRGI
စောစိန်န ရတနာ မိုင်း၊ မိုင်းရှုး မြို့ နယ်။“အခု လက်ရှိပိုင်ရှင်က ဒီ ရတနာမိုင်းတွင်း ကို လွန်ခဲ့တဲ့ ၁၅-၂၀ နှစ်လောက်ကလွဲပြောင်း လုပ်ကိုင်ခဲ့ တာပါ။ ပိုင်ရှင်ရဲ့ အဖေ နာမည် ‘စောစိန်န’ လို့ပဲ ပေးထားကြတယ်။” ဟု စောစိန်န ပတ္တမြား မိုင်း မှ အသက် (၃၃) နှစ်အရွယ် အထွေထွေ မန်နေဂျာ စိုင်းစအောင် (ကို ပီကုတ်) မှ ညနေစာ အတူစားသည့် အချိန် တွင် ရှင်းပြပါသည်။

မတ်စောက်ပြီး မညီညာသည့် တောင်တက်လမ်းအတိုင်း နာရီပေါင်းများစွာ မောင်းလာပြီးသည့် အခါ ညနေ အတော်ပင် စောင်းနေလေပြီ။ နွေရာသီ၊ ဧပြီလ နှောင်းပိုင်းဖြစ်ပါသော်လည်း ရာသီဥတုသည် အေးချမ်း နေပြီး မုန်တိုင်းတစ်ခု ဝင်နေချိန်ဖြစ်သဖြင့် မိုး၊လေ များ သည်းထန်နေပါသည်။ အပြင်ဖက် ရှိ စခန်းများကို ဖြတ်ကျော်ပြီး တောင်တန်းများကို ဖြတ်မောင်းလာခဲ့ပါသည်။

Suthep Kritsanavarin/NRGI
နောက်တစ်နေ့ မနက်စောစောတွင် ကို ပီကုတ် မှ ကျွန်တော်တို့ကို လိုက်ပို့ပါသည်။ တောင်ထိပ်ပေါ်မှ ကြည့်လျှင် ပတ်ဝန်းကျင်တစ်ခုလုံးသည် မနက်ခင်း မြူခိုးများလွှမ်းခြုံနေပြီး မိုင်းတွင်းမှ ထွက်သည့် စွန့်ပစ် မြေစာပုံ အများအပြားကို နေရာအနှံတွင် တွေ့ရပါသည်။ မိုင်းလုပ်သားတစ်ယောက် သည် မနေ့ည က တိုက်ခဲ့သည့် မုန်တိုင်းအပြီး အပျက်အစီးများကို လိုက်လံ စစ်ဆေးနေပါသည်။ အိမ်အချို့ သည် ပြိုလဲ နေ သော်လည်း အရင် မှန်းထားသည့် အပျက်အစီးများလောက် မပြင်းထန်သည်ကို တွေ့ရပါသည်။ မနေ့ညက မိုးလေများ သည်းထန် သဖြင့် အနီးအနားရှိ မိုင်းတွင်တစ်ခု ၏ နေရာ တစ်ဝက်ကျော်သည် ပြိုကျ ခဲ့ကြောင်း နောက်မှ ကျွန်တော်တို့ သိရပါသည်။

တောင်ထိပ်ပေါ် တွင် ဘုန်းကြီးကျောင်း တစ်ခုရှိပြီး တောင်းစောင်းတစ်လျှောက်တွင် အိမ် အများအပြား တည်ရှိနေသည်။ သံဃာတော် နှင့် ကိုရင်အချို့ သည် ဆွမ်းခံရန် ကြွလာကြပါသည်။ ဤ ရပ်ကွက် သည် လွန်ခဲ့သည့် ဆယ်စုနှစ်များစွာ အတွင်း ပတ္တမြား မိုင်းတွင်း ကြောင့် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။ ယခု ထက်ပို၍ စည်ပင် ဖြစ်ထွန်းသည့် ကာလတွင် လူထောင်းပေါင်းများစွာ နေထိုင်ခဲ့ကြပါသည်။ ပတ္တမြား ထွက် နေသေးသော်လည်း ယခင် ကာလတုန်းက ထက် နေထိုင်ကြသည့် လူဦးရေသည် ကျဆင်းလာခဲ့ပါသည်။

“၂၀ဝ၀-၂၀ဝ၈ ခုနှစ်တုန်းက ဆို မိုင်းရှုးမှာ ပတ္တမြား အထွက် အများဆုံး ကာလတွေပဲ။ ကျွန်တော်တို့ တစ်ရက်ကို ပတ္တမြား ၄ ကနေ ၅ ကီလိုဂရမ် အထိရကြပြီး အလုပ်သမား တစ်ရာကျော် လောက် ရှိတယ်။ အခုတော့ ထွက်နှုန်းတွေလဲ ကျလာပြီး အလုပ်သမား အတော်တော်များများ ကလည်း အခြား ဝင်ငွေ ပိုကောင်းတဲ့ အလုပ်ကို ပြောင်းကုန်ကြပြီ။” ဟု ကို ပီကုတ် မှ ရှင်းပြသည်။
Suthep Kritsanavarin/NRGI
ဤ ရတနာမိုင်းတွင်း သည် ရှမ်းလူမျိုးများ လုပ်ကိုင်သည့် မိုင်းတွင်း အနည်းငယ်ထဲမှ တစ်ခုဖြစ်ပြီး ဒေသ တွင်း ရှိ မိုင်းတွင်းများထဲတွင်လုပ်ငန်းခွင် အခြေအနေ အကောင်းဆုံး လုပ်ငန်းတစ်ခု အဖြစ် အသိအမှတ် ပြုကြပါသည်။ “အခု ကျွန်တော်တို့ ဆီမှာ အသက် ၁၄-၁၅ နှစ်အရွယ် က စလို့ အသက် အကြီးဆုံး (၄၉) နှစ်အထိ အလုပ်သမား (၃၀) ရှိပါတယ်။ အမျိုးသား အလုပ်သမား တွေက တစ်ရက် ကို (၉) နာရီ အလုပ်လုပ် ရပြီး မနက် နဲ့ နေ့လည်ဆိုပြီး နှစ်ဆိုင်းခွဲ အလုပ်လုပ်ကြပါတယ်။ အမျိုးသမီး အလုပ်သမား တွေက တော့ ကျောက်ထုတ်တဲ့ နေရာမှာ အချိန် ပို တို တဲ့ အဆိုင်း ၃ ဆိုင်း ခွဲ ပြီး အလုပ်လုပ်ကြပါတယ်။”
Suthep Kritsanavarin/NRGI
ကျောက်တွင်း ၏ အောက်ဆုံးအဆင့် သို့ ရောက်ရန် မီတာ ၂၀ဝ ခန့် နက်သဖြင့် ဓာတ်လှေကားဖြင့် ၅ မိနစ် ခန့် ဆင်းရပါသည်။ ဓာတ်လှေကားသည် တစ်ကြိမ်လျှင် လူ (၈) ရောက်စီးနိုင်ပြီး အထဲတွင် (၄) ယောက်၊ အပေါ်တွင် (၄)ယောက် တင်နိုင်ပါသည်။ မိုင်းတွင်း ထဲတွင် စိုထိုင်းပြီး အေးမျှနေပါသည်။ ပြင်ပ မှ လေဝင် စေရန် အတွက် ပိုက်ချောင်း တစ်ခု ကို ထုတ်ထားရပါသည်။

မိုင်းတွင်း တွင် ဖောက်ခွဲရန် အတွက် ပိုတက်ဆီယံနိုက်ထရိတ် များ ဖြည့်ထားသည့် ပြွန်ချောင်းများ ကို အသုံးပြုကြပါသည်။ မိုင်းတွင်း နံရံတွင် ဖောက်ကွဲပြီး ထွက်လာသည့် ကျောက်တုံးကျောက်စ အသေးများမှ ပတ္တမြား ကို ထုတ်ယူရှာဖွေရခြင်းဖြစ်ပါသည်။ ပတ္တမြား များ အပြည့်ပါဝင်သည့် ကျောက်တုံးများကို အပေါ်ဖက်သို့ ပို့ပေးပြီးနောက် အမျိုးသမီး လုပ်သားများမှ ကျောက်စစ်သည့် အလုပ်ကို လုပ်ရပါသည်။

နေ့စဉ်နေ့တိုင်း မိုင်းတွင်းထဲသို့ မဆင်းမှီ မိုင်းလုပ်သားများသည် အစောင့်အရှောက် ရစေရန် အကြောင်း နတ်ကောင်းနတ်မြတ်များကို ဆုတောင်း ပသ ရပါသည်။ အဆိုပါ နတ်ကောင်းနတ်မြတ်များကို စွဲစွဲမြဲမြဲ ယုံကြည်ကြပြီး မိုင်းလုပ်သားများ အန္တရယ် မဖြစ်စေရန် အတွက် နတ်မင်းများ မကြိုက်၊ မနှစ်သက်သည် တို့ကို မလုပ်ရကြောင်း ယုံကြည်ကြပါသည်။

Suthep Kritsanavarin/NRGI
ပျောက်ကွယ် တိမ်ကောမည့် အန္တရယ်ရှိနေသည့် မိုင်းရှုး ရတနာမိုင်းတွင်း။ဤ တောင်တွေမှ ထွက်သည့် ပတ္တမြား သည် နည်းသထက် နည်းလာသည်ဟု မိုင်ရှုးမှ ဘုန်းဘုန်း လုံးပေါ် ဝိမာလ မှမိန့်ကြားသည်။ “ပတ္တမြားတွေ အများကြီးကျန်နေသေးတာတော့ဟုတ်တယ်။ အရည်အသွေး လည်းပို ကောင်းတာတွေ ရှိပါသေးတယ်။ ဒါပေမဲ့ တွင်းကို နက်သထက် နက်အောင်တူးရမှာ။ အခုတောင် မီတာ ၂၀ဝ ထိ ရှိပြီး စက်ကြီးတွေ နဲ့ တူးဖော်နေရတာ။ ဒါကြောင့်လဲ လုပ်ငန်းတွေ သိပ်မကျန်တော့ဘူး။ လုပ်ငန်းအများစု ကလဲ အခြားက လာကြတာလေ။” ဟု ဘုန်းဘုန်းမှ မိန့်သည်။

“ဒီကထွက် တဲ့ ပတ္တမြား အနည်းငယ်ကသာ ရန်ကုန် နဲ့ နေပြည်တော်ကို တရားဝင်ရောက်ပြီး ကျောက်မျက် အရောင်းပြပွဲတွေမှာ အခွန်ပေးပြီး ရောင်း၊ဝယ်ကြတာပေါ့။ ဒါပေမဲ့ ၉၀% နှုန်းလောက်က မိုင်းရှုးကနေ၊ တာချီလိတ်၊ အဲ့ကနေ ထိုင်းနိုင်ငံကို တရားမဝင် ဖြတ်ဝင်ကြတာ။” ဟု ဘုန်းဘုန်းမှ မိန့်သည်။

ပတ္တမြား ကုန်သွယ်မှုအကြောင်းကို လွိုင်တိုင်းလျန်းမှာ ရှိတဲ့ ကျောက်မျက် အလုပ်ရုံ ၏ မန်နေဂျာပြောပြ ချက်အရ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA-N) သည် ပတ္တမြားကုန်သွယ်ရေး ကို နှစ်ပေါင်းများ စွာ လုပ်ကိုင်နေခဲ့ပြီး တရားဝင် မှတ်ပုံတင်ထားခြင်းမရှိပေ။ ထိုအချက်ကြောင့်ပင် ဝမ်ဟိုင်း ဌာနချုပ်သည် အကောင်းဆုံးနေရာတွင် တည်ရှိနေပါသည်။ အဆိုပါ အဖွဲ့သည် မြန်မာနိုင်ငံဘက်မှ ပတ္တမြားထုတ်လုပ်မှု၊ ကုန်သွယ်မှု မှ အကျိုးအမြတ် အများအပြားရရှိပြီး မိုင်းရှုး မှ လမ်းကြောင်းကိုလည်း ထိန်းချုပ်ထား နိုင်ပါ သည်။ သို့သော် မိုးကုတ်မှ ထွက်သည့် ရတနာ လုပ်ကွက်များမှ ပိုက်ဆံ အများအပြား သည် မြန်မာ့ တပ်မတော် မှရရှိပြီး ပတ္တမြား ကုန်သွယ်ရေး အများစုကိုလည်း တပ်မတော်မှပင် ထိန်းချုပ်ထားပါသည်။ မိုးကုတ်တွင် အစိုးရ နှင့် လုပ်ငန်းဖက်စပ် လုပ်ကိ်ုင်ပါက အကြီးစားမိုင်းလုပ်ငန်းများကို လုပ်ကိုင်ခွင့် အခွင့်အလမ်း ရနိုင်ချေ ရှိကြပါသည်။

Drag Left or Click Image to Start Slideshow

ဝမ်ဟိုင်း ရှိ ဌာနချုပ်ရှမ်းပြည်နယ်၏ မြို့တော်၊ တောင်ကြီး မြို့ မှ ၆နာရီခန့်သာဝေးသည့် ဝမ်းဟိုင်းတွင် ဌာနချုပ်တည်ရှိပြီး မိုင်းရှုး ရှိ မိုင်းတွင်းများအနီးသို့ ဖြတ်သွားသည့် အဝေးပြေးလမ်းမကြီး ကို ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) ၏ ပတ္တရောင် လှည်သည့် ကားမှ ကင်းလှည့်စစ်ဆေးနေပါသည်။ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) နှင့် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) နှစ်ဖွဲ့လုံးသည် တပ်မတော်နှင့် အပစ်ရပ် လက်မှတ်ထိုးထားသည့် အဖွဲ့ များဖြစ်ကြပါသည်။ (ရှမ်းပြည် တပ်မတော် (တောင်ပိုင်း) သည် အစိုးရ ၏ ပြည်လုံးကျွတ် အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ပါဝင် လက်မှတ်ရေးထိုးထားပြီး ရှမ်းပြည် တပ်မတော် (မြောက်ပိုင်း) သည် နှစ်ဦးနှစ်ဖက် အပစ်ရပ် သဘောတူစာချုပ်ကို ၂၀၁၂ ခုနှစ်ရေးထိုးထားပါသည်။) သို့သော် တပ်မတော် နှင့် အဆိုပါ အဖွဲ့ နှစ်ခု လုံး ထိပ်တိုက်တွေ့မှု၊ တိုက်ပွဲဖြစ်ပွားမှု များ မကြာခဏ ဖြစ်ပေါ် နေခဲ့ပါသည်။

၂၀၁၅ခုနှစ်၊ အောက်တိုဘာလ၊ ၆ရက်နေ့တွင် အစိုးရ တပ်မတော်မှ ဝမ်းဟိုင်းဒေသ အနီးတွင် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) ကို အကြီးစား ထိုးစစ်ဆင်ခဲ့ပါသည်။ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) ၏ ရုံးချုပ် အနီးတွင် လက်နက်ကြီးများ ဖြင့် တိုက်ခိုက်ခဲ့ပါသည်။ အဆိုပါ စစ်ရေးတင်းမာမှု သည် ၂၀၁၇ ခုနှစ်တွင် ပိုမိုတင်းမာလာခဲ့ပြီး ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) နှင့် တပ်မတော်တို့အကြား တိုက်ပွဲများ သည် မိုင်းရှုး မြို့ နယ် အနီးတဝိုက်တွင် ဆက်လျှက် ဖြစ်ပွားခဲ့ပါသည်။

Suthep Kritsanavarin/NRGI
Suthep Kritsanavarin/NRGI
တပ်မတော် နှင့် နှစ်ဦးနှစ်ဖက် အပစ်ရပ်သဘောတူစာချုပ် ရေးထိုးပြီး ၅ နှစ်အတွင်း အစိုးရ တပ်မတော် ဘက်မှ အကြိမ် ၅၀ဝ ကျော် ထိုးစစ်ဆင်မှုများဖြစ်ပွားခဲ့ကြောင်း SSPP/SSA-N မြောက်ပိုင်း တပ်မတော်မှ ထုတ်ပြန်ကြေငြာခဲ့ပါသည်။

SSPP/SSA-N ရှမ်းမြောက် တပ်မတော် မှ ဗိုလ်မှူး ဖုန်းဟန် ၏ ပြောပြချက်အရ “ကျွန်တော်တို့ သဘောတူ လက်မှတ်ထိုးခဲ့တယ်ဆိုတာ နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ အဖြေရှာချင်လို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်နေစဉ်မှာပဲ ၂၀၁၂ ခုနှစ်ကနေ၊ အခုအချိန်အထိ တပ်မတော်ဖက် က ကြိမ်ရေပေါင်း ၅၀ဝ ကျော်ထိုးစစ်ဆင်ခဲ့ပါတယ်။ ကျွန်တော်တို့ ဖက်က လူတွေလဲ အဖမ်းခံခဲ့ရတာတွေ ရှိတယ်။ မူဆယ်၊ ကွတ်ခိုင်၊ လားရှိုးမှာ ရှိတဲ့ အကျဉ်းထောင်တွေ၊ အချုပ်ခန်းတွေမှာ ကျွန်တော်တို့ ဖက် က လူ ၄၀ ကျော် အထိန်းသိမ်း ခံခဲ့ရပါတယ်။”

ငြိမ်းချမ်းရေး စကားဝိုင်းများ၊ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှုများ ရှိနေပါသော်လည်း ရှမ်းပြည်နယ် တွင် ဖြစ်ပွားနေသည့် ပဋိပက္ခများ ကို ရပ်တန့်နိုင်မည့် မျှော်လင့်ချက် မမြင်ရသေးပါ။ ထို ပဋိပက္ခပြဿနာ များ ဖြစ်ပွားနေချိန်တွင် မြန်မာနိုင်ငံ အရှေ့ မြောက်ပိုင်းရှိ ပတ္တမြားလုပ်ငန်းမှ ထွက်သမျှ အကျိုးအမြတ်များသည် စစ်တပ် အဖွဲ့အစည်းများ ၏ စစ်ဆင်ရေး၊ အစိုးရနှင့် နှီးနွယ်နေသည့် ကုမ္ပဏီများ အတွက် ငွေကြေး အထောက်အပံ့သာဖြစ်နေပြီး ရှမ်းပြည်နယ် ရှိ အများပြည်သူလူထု အတွက် ဘေးကင်းလုံခြုံရေး၊ လူနေမှု မြင့်မားရေး ကဏ္ဍတွင် ဖွံ့ဖြိုးစေရန် အထောက်အပံ့ဖြစ်စေနိုင်မည် မဟုတ်ပါ။
Suthep Kritsanavarin/NRGI
မိုင်းရှုး ရှိ ရတနာ မိုင်းတွင်းများ ၏ အနာဂတ်သူ့ မိုင်းတွင်းသည် မည်မျှကြာကြာဆက် လုပ်နိုင်မလဲ ဟု ထင်ပါသလဲ ဟု ကိုပီကုတ်ကို ကျွန်တော်တို့ မေးကြည့် ခဲ့ပါသည်။ တောင်တန်းတစ်လျှောက်တွင် ပတ္တမြား ကျောက်မျက် အများအပြားကျန်ရှိနေသေးပြီး တူးဖော်သူ ၏ ကံ နှင့် ဆိုင်သည်ဟု သူထင်ကြောင်း ပြောပြပါသည်။ သူ့ မိုင်းတွင်း တွင် အနာဂတ် ရှိနေ သေးသည်ဟု ယုံကြည်ကြောင်း နှင့် သူ့ မိုင်းတွင်းမှ ထွက်လာသည့် ပတ္တမြား အသစ်များကို သက်သေ အဖြစ် ပြရင် ပြောပြပါသည်။ ပြီးခဲ့သည့် ၆လ အတွင်း စောစိန်န မိုင်းတွင်းမှ ထွက် သည့် ပတ္တမြား တစ်ခု ကို ထိုင်းနိုင်ငံတွင် ရောင်းချခဲ့ရာ ထိုင်းဘတ် (၁၇) သန်း (အမေရိကန်ဒေါ်လာ ၅၀ဝ,ဝ၀ဝ သိန်းကျော်) ဈေးရ ခဲ့ ပါသည်။

ထိုသို့ အကျိုးအမြတ်များသည့် ငွေကြေး ပါလာသော အခါတွင် နှစ်ဖက်လုံးမှ ခေါင်းဆောင်များသည် သူတို့ ၏ အကျိုးစီးပွားကို ကာကွယ်လိုသည်မှာ အံ့သြစရာတော့မဟုတ်ပေ။ “အပစ်ရပ်တယ်လေ။ ညဆို ပစ်တယ်၊ မနက်ဆို ရပ်တယ်။ တစ်နိုင်ငံလုံး အဲ့လိုပါပဲ။ ပစ်လိုက် ရပ်လိုက်။” ဟု ရယ်၍ မိုင်းရှုးမှ ဆရာတော် လုံးပေါ် ဝိမာလ မှ မိန့်ပါသည်။

The UNEARTH project is supported by the Natural Resource Governance Institute and was initiated as part of its Extractive Industries Photo Documentary Project.