Location
  • Kachin

မြန်မာ့ မြောက်ဖျားပိုင်းမှ စစ်ငွေ့လွှမ်းသော နှစ်သန်းပေါင်းများစွာ

သက်တမ်းရှိသော ပယင်းကျောက်တူးဖေါ် ခြင်းလုပ်ငန်းများ

Images by
Hkun Lat
Text by
Hkun Lat and Paul Vrieze
ဇွန်လ ၂၀၁၇ခုနှစ်၊ တနိုင်းမြို့နယ်၊ ကချင်ပြည်နယ်။ မြန်မာ့မြောက်ဖျားပိုင်းတွင်ရှိသော ကချင်ပြည်နယ်မှ ထူထပ်လှသော သစ်တောအုပ်ကြီးများထဲတွင် ရာပေါင်းများစွာသော မိုင်းအလုပ်သမားများမှာ ပင်ပန်းကြီးစွာသော အလုပ်ကြမ်းများဖြစ်သော ဧရာမသစ်ပင်ကြီးများ ခုတ်လှဲခြင်းမှသည် အသက်နှင့်ရင်းပြီး လုပ်ကိုင်ရသော အဖိုးတန် ရုပ်ကြွင်းများရှိနိုင်သော ပယင်းများကို ရှာဖွေရန် လက်ဖြင့် နက်သထက်နက်အောင် မြေတွင်းများတူးကာ ရှာဖွေကြရသည်။
Hkun Lat/NRGI
ဇီးဖြူကုန်းရွာမှ ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်နေကြသော လုပ်သားများမှာ မြေကြီးထဲတွင် နှစ်သန်းပေါင်းများစွာ နစ်မြုပ်နေသော ထိုးထွင်းမြင်ရသော သစ်ပင်မှ တလက်လက်တောက်နေသော သစ်ပင်မှ အပိုင်းစများ ပါဝင်သည့် အရောင်ကြည်ကြည်လင်လင်ရှိသော ပယင်းကျောက်များကို တူးဖေါ်နေကြခြင်းဖြစ်သည်။

အိန္ဒိယ နယ်စပ်နှင့် ကပ်လျက်တည်ရှိသော ကချင်ပြည်နယ်ရှိ တနိုင်းမြို့အနီးအနားပတ်ဝန်းကျင်တွင် ရွှေ နှင့် ပယင်းကြောများရှိသည်။ မကြာသေးခင် နှစ်များအတွင်း တရုတ်ဈေးကွက် နှင့် အခြားပြည်တွင်းဈေးကွက်များသို့ ထိုးဖေါက်နိုင်ရန် မြန်မာနိုင်ငံအနှံ့အပြားမှ တွင်းထွက်သတ္ထုတူးဖေါ်ရေးသမားများ တနိုင်းဒေသကို မျက်စိကျလာကြသည်။

Hkun Lat/NRGI
ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိသော မြန်မာ့ နာမည်ကျော် ကချင်ပြည်နယ် ဖါးကန့် ကျောက်စိမ်းလုပ်ငန်းထက် များစွာ အရွယ်အစားသေးငယ်သော်လညး် ယခု ပယင်းတူးဖေါ်ခြင်းလုပ်ငန်းတွင်လညး် ရာပေါင်းများစွာသော ကျောက်ကုန်သည်များ ပါဝင်သော ရတနာလုပ်ငန်းတစ်ခုဖြစ်ပါသည်။

ကချင်ပြည်နယ်မှ ထွက်ရှိသော ပယင်းမှာ အဝါရောင်၊အနီရင့်ရောင်၊ အစိမ်းရင့်ရောင် စသည်တို့ အဖျော့အရင့် အမျိုးမျိုးရှိသော ခပ်ကြည်ကြည် ရတနာများဖြစ်သည်။ ပယင်းတွင် နှစ်ပေါင်းသန်းပေါင်းများစွာက အနည်ကျခဲ့သော သစ်ပင်များ နှင့် တိရစ္ဆာန်များ ရုပ်ကြွင်းများပါဝင်သည်ဟု သိရှိရပါသည်။

Hkun Lat/NRGI
Hkun Lat/NRGI
ကမ္ဘာတစ်ဝှမ်းရှိ သိပ္ဗံပညာရှင်များမှလည်း အရည်အသွေးကောင်းသော သက်တမ်းရင့် ကချင်ပြည်နယ်ထွက် ပယင်းများကို အထူးစိတ်ဝင်စားသည်။ ယခုနှစ်အတွင်းမှာပင် အမွှေးအတောင်ပါသော ဒိုင်နိုဆောအမြီးပိုင်း ရုပ်ကြွင်းတစ်ခု၊ အနည်းဆုံး နှစ်သန်းပေါင်း ၇၉ သန်း သက်တမ်းရှိသော ငှက်အကောင်ပေါက် ရုပ်ကြွင်းတစ်ခု နှင့် နှစ်သန်းပေါင်း ၁၀ဝ ရှိ မပုပ်မသိုးအောင် သေချာစွာ စီမံထားသော ပန်းတစ်ပွင့်တို့ကို မြန်မာ့ ပယင်းများထဲမှ တွေ့ရှိခဲ့ပါသည်

သို့သော် ထိုကဲ့သို့သော မြန်မာ့ပယင်း၏ ထူးခြားစိတ်ဝင်စားစရာကောင်းသော ဝိသေသလက္ခဏာရပ်များကို တွင်တွင်ကျယ်ကျယ်မသိကြသောကြောင့် ပယင်းလုပ်ငန်းဖြင့် လုပ်ကိုင်နေသူများ နှင့် အလုပ်သမားများမှာ လည်း ထိုအချက်များကို မသိသလောက်ဖြစ်သည်။ ပဋ္ဋိပက္ခနယ်မြေအတွင်း အသက်ကို ပဓာန မထားဘဲ လုပ်ကိုင်နေသော ပယင်းလုပ်သားတို့၏ အဓိက ပစ်မှတ်မှာ သူတို့ ရပ်တည်ရေးအတွက် တစ်နေ့ဝင်ငွေ လုံလောက်စွာ ရရှိရန်သာ ဖြစ်သည်။

Drag Left or Click Image to Start Slideshow

ဤဒေသသည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက ယခုတိုင် မြန်မာနိုင်ငံမှ အင်အားအကြီးဆုံးတိုင်းရင်းသာလက်နက်ကိုင်အဖွဲ့ဖြစ်သော KIA ထိမ်းချုပ်မှုအောက်တွင် ရှိခဲ့ပြီး KIA မှ ပယင်းလုပ်သားများထံမှ အခွန်အတုတ်တောင်းခံခြင်းများရှိသည်။

ယခုဓါတ်ပုံဆရာ ဇူလိုင်လက သွားရောက်ခဲ့စဉ် ထောင်ပေါင်းများစွာသော ပယင်းလုပ်သားများကို ပယင်းတွင်းများ အနှံ့တွင် ပင်ပင်ပန်းပန်းအလုပ် လုပ်ကိုင်နေသည်ကို တွေ့ရှိရပါသည်။ ပယင်းအလုပ်သမားအဖွဲ့များအဆိုအရ ၄င်းတို့ကို ၁၀ဝ၀ စတုရန်းမီတာ ပတ်လည် လုပ်ကွက် ပါမစ်ရရန် KIA သို့ ကန်ဒေါ်လာ ၄၀ဝ ခန့်ပေးရကြောင်း သိရှိရပါသည်။

ပယင်းအလုပ်သမားများအဖို့ မီတာ ၃၀ မှ ၁၀ဝ ရှိသော ဥမင်ကို မြေတွင်းမှ ပံ့ပိုးထောက်ပံ့စေရန် ထူထပ်လှသော သစ်တောအုပ်ကို ရှင်းရပြီး ဧရာမ အပူလျော့ပိုင်းဒေသသစ်တုန်းကြီးများကို ခုပ်လှဲကြရသည်။

Hkun Lat/NRGI
အခြားလုပ်သားများမှာ ပလပ်စတစ်ပိုက်များကို စင်များအတွင်း သွင်းပြီး မော်တာတပ် ရေစုပ်စက်ကဲ့သို့ ပြုလုပ်ကာ ၄င်းစက်ဖြင့် ဥမင်တွင်း လက်ဖြင့် တူးက ပယင်းရှာနေသော လုပ်သားများ အတွက်လုံလောက်သော လေပမာဏရရှိရန် အပြင်မှ မှုတ်သွင်းပေးပါသည်။ လုပ်သားများ ပြောစကားအရ တခါတရံတွင် အောက်စီဂျင်သွင်းခြင်း နှင့် လျပ်စစ် ဝါယာကြိုးများကြောင့် မတော်တဆ ထိခိုက်မှုများ ဖြစ်ပွားတတ်ပြီး သေဆုံးမှုများလည်း ရှိတတ်ကြောင်း သိရှိရပါသည်။

ပယင်းတွင်းတစ်တွင်း ရရှိသော ဝင်ငွေကို အလုပ်သမား အဖွဲ့လိုက် ခွဲယူပြီး လုပ်သားများသည် အရည်အသွေးကောင်း ပယင်းတူးဖေါ်ရရှိရန် အသက်ကိုပဓာနမထားဘဲ လုပ်ကိုင်နေကြသူများဖြစ်သည်။

Hkun Lat/NRGI
Hkun Lat/NRGI
ကျွန်တော် ရောက်ရှိပြီးမကြာမီ မြန်မာစစ်တပ်မှ တပ်စိပ်များ စေလွှတ်ပြီး ပယင်းတွင်းများကို ပိတ်ရန် ကြိုးစားခဲ့ပါသည်။ သူတို့ပေးသော အကြောင်းပြချက်မှာ ပယင်းတူးဖေါ်ခြငး်လုပ်ငန်းများကြောင့် သဘာဝသယံဇာတများ ပျက်စီးသောကြောင့် ဖြစ်သည်ဟုဆိုသော်လည်း မြန်မာစစ်တပ်မှာ KIA တို့ ပယင်းလုပ်ငန်းမှ ရရှိသော အခွန်အတုတ်များကို မက်မောသောကြောင့် ထိုကဲ့သို့ ပိတ်ပင်လိုဟန်တူနေသည်။

ဆယ်စုနှစ်ပေါင်းများစွာ ကြာရှည်စွာ ဖြစ်နေသော မြန်မာ့ ပြည်တွင်းစစ်၏ အဓိက အကြောင်းခံမှာ ဤကဲ့သို့သော တိုင်းရင်းသားတို့ ဒေသတွင်းမှ သယံဇာတအရင်းအမြစ်များအပေါ် မြန်မာစစ်တပ် နှင့် အစိုးရတို့ မှ ထိန်းချုပ်ရန် ကြိုးစားသောကြောင့်ဖြစ်သည်။ ဤကဲ့သို့သော ထိန်းချုပ်မှုများကို ဒေသတွင်း တိုင်းရင်းသားလူမျိုးစုများက ဆန့်ကျင်ကြပြီး ၄င်းတို့အနေနှင့် နိုင်ငံရေး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး၊ ဖိနှိပ်ချုပ်ချယ်ခြင်း နှင့် ခွဲခြားဆက်ဆံခြင်းတို့ ပပျောက်ရေး နှင့် ရွှေ၊ကျောက်စိမ်း၊ပယင်း နှင့် တန်ဖိုးကြီး အရည်အသွေးကောင်း ကျွန်းသစ် အစရှိသော ဒေသထွက် သယံဇာတများမှ ရရှိငွေအား ခွဲဝေပေးရန် အဓိက တောင်းဆိုနေကြပါသည်။

Hkun Lat/NRGI
ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ယမန်နှစ်ကစပြီး အာဏာရလာပြီး ဒေသထွက် သဘာဝသယံဇာတများ အပေါ် စီမံခန့်ခွဲရေး နှင့် သယံဇာတမှ ရရှိသော ဝင်ငွေများအား ခွဲဝေပေးရေးတို့နှင့် ပတ်သတ်ပြီး ပြန်လည်ပြုလုပ်ပေးမည်ဟုပြောကြားခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်များနှင့် ဖြစ်ပေါ်နေသော နိုင်ငံတစ်ဝှမ်း အပစ်အခတ် ရပ်စဲရေးကိုလည်း အလေးပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါသည်။

ထိုသို့ စစ်တပ်က တနိုင်းဒေသကို ထိန်းချုပ်သည့်အပြင် ဟယ်လီကော်ပတာများဖြင့် အပေါ်မှ တရားမဝင် ရွှေတွင်းများကို ဖျက်သိမ်းရန် မဖျက်ပါက ရာဇဝတ်မှုမြောက်ကြောင်း စာရွက်များကို ရွှေတွင်းများရှိရာတွင် ကြဲဖြန့်ခဲ့ဖူးပါသည်။ ပြည်တွင်းစစ်သည် ရွှေတွင်းများ နှင့် ပယင်းတွင်းများ အနီးတွင် ထိုကဲ့သို့ ပြည်တွင်းစစ် ဖြစ်ပွားလျက်ရှိရာ ထိုဒေသတွင် အလုပ်လုပ်ကိုင်လျက်ရှိသော ထောင်ပေါင်းများစွာသော လုပ်သားများ နှင့် ဒေသခံ ကချင်ရွာသားများ ဘေးလွတ်ရာကို ထွက်ပြေးကြရပါသည်။

စစ်တပ် နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား ရှိ ပဋ္ဋိပက္ခများ တဖြည်းဖြည်း ပိုမို တင်းမာလာသောကြောင့် ဆင်းရဲ နွမ်းပါးသော ပယင်းလုပ်သားများ အဖို့ ၄င်းတို့ ငွေအား၊လုပ်အားသာမက အသက်ပါရင်းပြီး လုပ်ကိုင်နေသော ပယင်းတွင်းမှ ရသော ဝင်ငွေများသိသိသာသာ လျော့ပါးလာပါသည်။

Hkun Lat/NRGI

The UNEARTH project is supported by the Natural Resource Governance Institute and was initiated as part of its Extractive Industries Photo Documentary Project.