Location
  • Shan

ရွာသားများဆီ ဒုက္ခသုက္ခ ယူဆောင်လာသော

ရှမ်းပြည်ကျောက်မီးသွေးတွင်းကြောင့် ပတ်ဝန်းကျင်ပျက်စီးရခြင်း

Images by
Suthep Kritsanavarin
Text by
Suthep Kritsanavarin and Paul Vrieze
ဩဂုတလ ၂၀၁၅ခုနှစ်၊ ပင်လောင်းမြို့နယ်၊ ရှမ်းပြည်နယ်၊ လယ်သမား ဦးသစ်ငြိမ်းအဖို့ အဖြစ်အပျက်များကို သေသေချာချာကို သတိရနေပါသည်။ တောင်ပိုင်းရှမ်းပြည်နယ်၏ တောင်ကုန်းများရှိ သူတို့ လယ်မြေများအောက်တွင် ရှာဖွေတွေ့ရှိသော ကျောက်မီးသွေး သိုက်များကို စတင်တူးဖော်မည်ဖြစ်ကြောင်း ဒေသခံ ကျေးရွာသားများအား မြန်မာ့ စစ်အစိုးရက ၂၀ဝ၃ ခုနှစ်က အသိပေးခဲ့သည်။

သူတို့ ဘယ်လို လျော်ကြေးရမည်နည်းဟု မေးမြန်းသော လယ်သမားများကို ကျေးရွာအကြီးအကဲက "ကျုပ်ကို အများကြီး မမေးကြနဲ့။ သူတို့ ပေးသလောက် ခင်ဗျားတို့ ရလိမ့်မယ်"ဟု ပြောခဲ့သည်ကို ဦးသစ်ငြိမ်းက အမှတ်ရမိသည်။ "မင်းတို့ ကောင်တွေ ဘယ်မြေကိုမှ မပိုင်ဘူး။ မင်းပိုင်တဲ့ တစ်ခုတည်းသော နေရာက မင်းသေရင် မင်းအလောင်းအတွက် နေရာပဲပိုင်ပဲ"

Suthep Kritsanavarin/NRGI
ကျောက်မီးသွေးမိုင်း အတွက် လမ်းဖောက်လုပ်ရန် မြေဧက ၅၀ဝ ခန့်မှ နေအိမ်များကို အင်အားသုံးဖယ်ရှားခံရသော တိုင်းရင်းသား ပအိုဝ်းမိသားစု ၃၀ဝ ခန့်အတွက် လျော်ကြေးငွေ မသဒ္ဓါရေစာအနည်းငယ်မျှသာ ရရှိခဲ့ပြီး အခြား နှစ်သိမ့်ဆွေးနွေးခြင်းလည်း မရှိခဲ့ပေ။ နောက်ဆုံးတွင် ဦးသစ်ငြိမ်းမှာ သူ့မိသားစုပိုင် လယ်မြေ ၁၂ ဧက အတွက် တစ်ဧကလျှင် ၈၀ဝ၀ ကျပ် (အမေရိကန်ဒေါ်လာ ၆.၅) လက်ခံရရှိကြောင်း သူက ပြောသည်။

လျှပ်စစ်စွမ်းအားစက်ရုံမှ ပြင်းထန်သော မြေထု၊လေထု ညစ်ညမ်းမှုက သဘာဝ၀န်းကျင်နှင် သူတို့၏ ကျန်းမာရေးအပေါ် သက်ရောက်နေရုံသာမက ကျေးရွာသားများအဖို့ စားဝတ်နေရေး ဘဝရပ်တည်ရှင်သန်းရေးအတွက် ရုန်းကန်ခဲ့ကြရသည်။ ဦးသစ်ငြိမ်း၏ မိတ်ဆွေရွာသားအများစုက နိုင်ငံရပ်ခြားသို့ ထွက်သွားသည်။ တချို့က ဘယ်တော့မှ ပြန်မလာခဲ့ကြတော့။ ဦးသစ်ငြိမ်းအဖို့ သူ၏ အသက်အရွယ်ကြီးရင့်သော မိဘများကို စောင့်ရှောက်ရန် အတွက် ရွာတွင် ဆက်လက်နေထိုင်ရန် ဆုံးဖြတ်ခဲ့သည်။ "ငယ်ရွယ်သူအများစုကတော့ နိုင်ငံခြားကို တရားမဝင်နည်းနဲ့ ထွက်သွားကြတယ်" "ဒီမှာ အသက်မွေးဖို့ သူတို့မှာ ရွေးချယ်စရာ အများကြီး မရှိဘူးလေ။ ဘာကြောင့်ဆို ကျွန်တော်တို့ လုပ်ကိုင်စားသောက်နေတဲ့ မြေတွေ ဆုံးရှုံးခဲ့ရတာကိုး။” ဦးသစ်ငြိမ်းတစ်ယောက် ပြန်ပြောင်းပြောပြခဲ့သည်။

Suthep Kritsanavarin/NRGI
တိုးချဲ့ရန်ရှိသော ကျောက်မီးသွေးတူးဖော်ခြင်းနှင့် ကျောက်မီးသွေး လောင်ကျွမ်းစေခြင်းတီကျစ် (ကျောက်မီးသွေး)မိုင်းနှင့် ကျောက်မီးသွေးသုံး လျှပ်စစ်ထုတ်လုပ်ရေးစက်ရုံမှ အခြေအနေများမှ ကျောက်မီးသွေး စက်မှုလုပ်ငန်းများ၏ လူမှုရေးနှင့် သဘာဝ၀န်းကျင်အပေါ် သက်ရောက်မှုများနှင့် ပတ်သက်သည့် မြန်မာနိုင်ငံ၏ မူဝါဒများတိုးတက်ပြုပြင်ရန် အထူးပင်လိုအပ်ပါသည်။ မြန်မာနိုင်ငံသည် နှစ်စဉ် ၂၃ ၅၀ဝ မီဂါဝပ် လိုအပ်သည်ဟု ဆိုသောအခါ တစ်စိတ်တစ်ပိုင်းအားဖြင့် ကျောက်မီးသွေးမှာ နိုင်ငံ၏ အလျင်အမြန် တိုးပွားနေသော ၂၀၃၀ တွင် ပေးဝေမည့် စွမ်းအင်၏ သုံးပုံတစ်ပုံခန့်ကို ဖြည့်ပေးရန် ရှိကြောင်း သမ္မတသိန်းစိန်၏ အစိုးရ၏ ကြေညာခဲ့သောကြောင့် ဖြစ်သည်။
မြန်မာနိုင်ငံ၏ အလယ်ပိုင်းနှင့် တောင်ပိုင်းရှိ ပြည်နယ်နှင့် တိုင်းများတွင် ယခုချိန်ထိ စုစုပေါင်း ကျောက်မီးသွေး လောင်စာသုံး စက်ရုံ ၁၈ ခု တည်ဆောက်ရန် စီမံချက်ချထားခဲ့ပြီး ဖြစ်သည်။ ယင်းတို့မှာ "သန့်ရှင်းသော ကျောက်မီးသွေးသုံး နည်းပညာ"ကို အသုံးချမည်ဆိုလျှင်ပင် ပရောဂျက်များ၏ သဘာဝ၀န်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုများအတွက် စိုးရွံ့မှုများကြောင့် ဒေသဆိုင်ရာ လူ့အသိုက်အဝန်းများနှင့် အရပ်ဖက်ဆိုင်ရာ လူမှုရေးအုပ်စုများက ကန့်ကွက်ပွဲများ ပြုလုပ်ကျင်းပခဲ့ကြပြီး ဖြစ်သည်။

ဒီဇင်ဘာလအတွင်း လွှတ်တော်တွင် သတ္တုတူးဖော်ရေးဥပဒေကို ပြန်လည်ပြင်ဆင်ချက်များ အတည်ပြုပြီးသည့်နောက် ကျောက်မီးသွေးတူးဖော်ခြင်းကိုလည်း တိုးချဲ့ရန် အလားအလာရှိသည်။ ယင်းဥပဒေပြင်ဆင်ချက်မှာ တွင်းထွက် သတ္တုသိုက်များရှာဖွေရန် ဒေသတွင်း ကုမ္ပဏီများနှင့် တွဲဖက်လုပ်ကိုင်ရန် နိုင်ငံခြား သတ္တုတူးဖော်ရေးလုပ်ငန်းများအတွက် အခွင့်အလမ်းများ ပိုမို ဖန်တီးပေးထားလိမ့်မည်။

Suthep Kritsanavarin/NRGI
Suthep Kritsanavarin/NRGI
အင်းလေးကန်ကို ညစ်ညမ်းစေမှုလွန်ခဲ့သော ၁၀ နှစ်ကျော်ကာလတစ်လျှောက် တီကျစ်နယ်မြေမှာ နိုင်ငံ၏ အကြီးဆုံး ကျင်းဖွင့် ကျောက်မီးသွေးမိုင်းနှင့် ယင်း၏ အရေးအကြီးဆုံး လည်ပတ်လျက်ရှိသော ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်စွမ်းအားစက်ရုံ၏ တည်ရာ ဖြစ်လာခဲ့သည်။ ကျောက်မီးသွေးမိုင်းမှာ နေ့စဉ် လစ်ဂနိုက်ကျောက်မီးသွေး တန် ၂၀ဝ၀ နီးပါး ထုတ်လုပ်ပြီး အများစုမှာ (လျှပ်စစ်ထုတ်လုပ်ရေး) စက်ရုံသို့ ပေးသွင်းသည်။ ယင်းမှာ ၁၂၀ မီဂါဝပ်နီးပါး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်သော ပမာဏရှိပြီး တရုတ်၏ နိုင်ငံပိုင် တရုတ် အမျိုးသား အကြီးစားစက်မှုလုပ်ငန်းကော်ပိုရေးရှင်းနှင့် ဒေသတွင် ကုမ္ပဏီ အေဒင်အုပ်စုနှင့် ရှမ်းရိုးမနဂါးတို့က ပိုင်ဆိုင်ထားသည်။

ယနေ့အခါတွင် လျှပ်စစ်စွမ်းအားစက်ရုံအတွက် နောက်ဆုံး ရောက်ရှိလာသော ကျောက်မီးသွေးပုံကြီးများမှာ တီကျစ်ရှိ အိမ်များသို့ မိုး၍တည်ရှိနေသည်။ ယင်းနေရာမှာ ထင်ရှားကျော်ကြားသော အရေးကြီးသည့် ခရီးသွားလုပ်ငန်း ဆွဲဆောင်မှုဖြစ်သော အင်းလေးကန်ထဲ စီးဝင်သော အဓိက မြစ်လက်တက်ပေါ်တွင် တည်ရှိသည်။ ဒေသတွင်း ရေလမ်းများမှာ ကျောက်မီးသွေးစက်ရုံကြောင့် ညစ်ညမ်းနေခဲ့ပြီဖြစ်ပြီး မိုင်းဖောက်ခွဲမှုအရှိန်များကလည်း ဒေသတွင်း ဗုဒ္ဓဘာသာ စေတီဘုရားများကို ကွဲအက်ပျက်စီးစေခဲ့သည်။

Suthep Kritsanavarin/NRGI
မကြာသေးခင်နှစ်များအတွင်း အင်းလေးကန်၏ ဂေဟစနစ်အခြေအနေအပေါ် အာဏာပိုင်များနှင့် တက်ကြွလှုပ်ရှားသူများအကြား အာရုံစိုက်မှုများ တိုးပွားလာခဲ့သည်။ ခရီးသွားလုပ်ငန်းတိုးချဲ့မှုကြောင့် ဖြစ်ပေါ်သော ဖိအားများ၊ မကြာခဏဖြစ်ပွားခဲ့သော မိုးခေါင်ခြင်း၊ သစ်တောများပြုန်းတီးခြင်းနှင့် ဓာတုပစ္စည်းများကြောင့် ရေညစ်ညမ်းမှုနှင့်အတူတကွ ဆက်စပ်ဖြစ်ပေါ်သော ပီအိတ်ချ်အဆင့်မြင့်တက်ခြင်းတို့သည် အင်းလေးကန် ဂေဟစနစ်ကို ရိုက်ခတ်မှုခံရသည်။

တီကျစ် လျှပ်စစ်စွမ်းအားစက်ရုံသည် ခန့်မှန်းခြေအားဖြင့် တစ်နေ့လျှင် အဆိပ်ဖြစ်စေသော ပျံ့လွင့်သည့်ပြာများ တန် ၁၀ဝ မှ ၁၅၀ အထိ ထုတ်လွှတ်သည်။ ဤစွန့်ပစ်အညစ်အကြေးများမှာ ကျောက်မီးသွေးမှုန်များနှင့် အခြား သတ္တုတူးဖော်ခြင်းမှထွက်သော ဘေးထွက်ပစ္စည်းများနည်းတူ အင်းလေးကန်ထဲသို့ တီကျစ်ချောင်းနှင့် ဘီလူးချောင်းတို့မှ တစ်ဆင့် စီးဝင်သည်။ သဘာဝ၀န်းကျင်ဆိုင်ရာ သက်ရောက်မှုများကို ယနေ့အချိန်ထိ သိပ္ပံနည်းကျလေ့လာမှုများ မဆောင်ရွက်ထားသော်လည်း ဒေသတွင်း နေထိုင်သူများ လေထုညစ်ညမ်းမှုက သူတို့၏ ကျန်းမာရေးကို ထိခိုက်စေသည်ဟု ယုံကြည်ကြသည်။ ကျောက်မီးသွေးမိုင်းနှင့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံမှ ထုတ်လွှတ်လိုက်သော ရေဆိုးများကလည်း ကန်၏ ရေလွှာထုဂေဟစံနစ်ကို ဖျက်ဆီးသည်။

"ကျွန်တော်က အသက် ၁၄ နှစ်ထဲက တံငါသည်အလုပ်နဲ့ ရပ်တည်ခဲ့ပါတယ်" ဟု အသက် ၄၀ ရှိ ကိုစိုးက ပြောသည်။" နှစ်စဉ် ငါးတွေက ပိုနည်းနည်းလာတယ်။ ဘာကြောင့်လည်းဆိုတော့ (သဘာဝပတ်ဝန်းကျင်ညစ်ညမ်းခြင်းကြောင့်) ငါးတွေက မျိုးမပွားနိုင်တော့လို့ပဲ။" ကိုစိုးအဆိုအရ သူငယ်ရွယ်စဉ်တုန်းက အင်းလေးကန်ထဲရှိ ရွာအားလုံးတွင် ငါးဖမ်းသူ ၄၀ဝ နီးပါးရှိခဲ့ပါသည်။ ယခုအခါ ငါး အနည်းငယ်သာ ဖမ်းမိတော့သဖြင့် ငါးဖမ်းသူ ၃၀ ခန့်ပဲ ကျန်တော့သည်။
Suthep Kritsanavarin/NRGI

Drag Left or Click Image to Start Slideshow

လူထုကို အဆိပ်ခတ်ခြင်းလောလူထုအခြေပြု အဖွဲ့အစည်းဝင်များ၏ အဆိုအရ ကျောက်မီးသွေး ထုတ်ယူခြင်းသည် ရေရှည် ကျန်းမာရေးပြဿနာများကိုလည်း ဖြစ်စေသည်။ ကျွန်တော်တွေ့ဆုံခဲ့သော လူနာတစ်ဦးမှာ ကျောက်မီးသွေးတွင်း လုံခြုံရေးလုပ်သားအဖြစ် ၁၂ နှစ်ကျော်တိုင် လုပ်ကိုင်ခဲ့သည်။ သူက သတ္တုတူးဖော်ရေးလုပ်ငန်းခွင်အတွင်းတွင် နေထိုင်ခဲ့ပြီး မီတာ ၅၀ဝ ကျယ်၍ မီတာ ၆၀ နက်သော ကြီးမားသည့် တွင်းပွင့်ချိုင့်ခွက်မှ မီတာ ၅၀ သာ ဝေးသည်။

"မိုးသည်းတဲ့ တစ်ညမှာ ကျွန်တော်က လမ်းဖြောင့်ဖြောင့်မလျှောက်နိုင်တော့ဘဲ ကြောက်စရာ မူးနောက်တာကို ခံစားခဲ့ရတယ်"ဟု သူက ဆိုသည်။ သူပြခဲ့သော ဆရာဝန်က အိတ်စ်ရေးရိုက်ဖို့ ညွှန်ကြားခဲ့ပြီး ဓာတ်မှန်၌ သူ့အဆုတ်မှာ ပျက်စီးနေသည်ကို ပြသည်။ လေထုညစ်ညမ်းမှုနှင့် ထိတွေ့မှုကြောင့် ဖြစ်ရသော အခြေအနေဟု ကောက်ချက်ချသည်။ လူနာက သူ၏ ဆေးဘက်ဆိုင်ရာ ကုသမှုအတွက် သတ္တုတူးဖော်ရေး ကုမ္ပဏီများထံမှ မည်သည့် ထောက်ပံ့မှုမှများ ရရှိနိုင်ရန်လည်း မစွမ်းဆောင်နိုင်ခဲ့ကြောင်းယင်းလူနာက ဆိုသည်။

Suthep Kritsanavarin/NRGI
နန်းထွေးထွေးခမ်းက သူ့မိခင်မှာ သွေးတိုးရောဂါ ဖြစ်ပွားနေခဲ့ပြီး မဆုံးမီ အသက်ရှူရခက်ခဲသော ဒုက္ခကို ခံစားခဲ့ရသည်ဟု ဆိုသည်။ သူသေဆုံးခဲ့ရသည့်အကြောင်းရင်းများအနက် သတ္တုတူးဖော်ရေးလုပ်ငန်းများ၏ ရိုက်ခတ်မှု တစ်ခု ဖြစ်သည်ဟု နန်းထွေးထွေးခမ်းက ယုံကြည်ကြောင်းပြောသည်။ ယင်းအချိန်ကတည်းက သူသည် လူထုအခြေပြု အဖွဲ့အစည်းဝင်များကို သတ္တုတွင်းနှင့် စက်ရုံကို စောင့်ကြည့်လေ့လာပြီး ဘေးထွက်ဆိုးကျိုးများကို ထောက်ပြဝေဖန် ပြောဆိုရေး အားပေးသည့် တက်ကြွလှုပ်ရှားသူအဖြစ် ပြောင်းလဲခဲ့သည်။

"ကျွန်မတို့ဒေသမှာနေထိုင်တဲ့ ဒေသခံတွေကို ကြောက်ရွံ့ခြင်းကနေ လွတ်ကင်းစေချင်တယ်" ဟု သူမက ပြောသည်။ "အဲဒါကြောင့်ပဲ ကျွန်မက ဒီက အရပ်ဖက်ဆိုင်ရာ လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့ အလုပ်လုပ်ဖို့ ဆက်သွယ်ခဲ့တာ။"

တီကျစ်ကို ကျွန်တော် သွားရောက်ခဲ့စဉ် တရုတ် အမျိုးသား အကြီးစား စက်မှုလုပ်ငန်း ကော်ပိုရေးရှင်းက လျှပ်စစ်စက်ရုံကို အဆင့်မြှင့်နေသည့်အခိုက် ကျောက်မီးသွေးမိုင်းတွင် လုပ်ငန်းလုပ်ဆောင်လည်ပတ်မှုများကို ၁၀ လခန့် ရပ်ဆိုင်းထားသည်။ သို့သော် ဒေသခံများက လုပ်ငန်းများ ပြန်လည်စတင်မည်ကို စိုးရိမ်နေကြသည်။ ထို့အပြင် ယင်းလည်ပတ်မှုနှင့်အတူ လေထုညစ်ညမ်းမှုများထပ်မံဖြစ်လာမည်ကိုလည်း စိုးရိမ်နေကြသည်။

"မကြာခင် ကျောက်မီးသွေးမိုင်းနဲ့ လျှပ်စစ်စက်ရုံကို ပြန်စမယ်လို့ ကျွန်မကြားတယ်။စက်ရုံတွေ ပြန်လည်ပတ်ပြီဆိုရင် လူများစွာ အသက်ရှူရခက်ခဲတာမျိုးဖြစ်လာမှာကို ကျွန်မ စိုးရွံ့မိပါတယ်။"ဟု နန်းထွေးထွေးခမ်းက ရင်ဖွင့်ပြောကြားခဲ့ပါသည်။

Suthep Kritsanavarin/NRGI

The UNEARTH project is supported by the Natural Resource Governance Institute and was initiated as part of its Extractive Industries Photo Documentary Project.