Location
  • Mandalay

မန္တလေးတွင်ရွှေတူးသူများ

ပေးဆပ်ရသော ကြီးမားသည့် အဖိုးအခ

Images by
Andre Malerba
Text by
Andre Malerba and Paul Vrieze
ဇွန်လ ၂၀၁၅ခုနှစ်၊ စဥ့်ကူးမြို့ နယ်၊ မန္တလေးတိုင်း။ အသက်ရှူ ကြပ်ပြီး စိုထိုင်းသော ပတ်ဝန်းကျင်အလယ်၊ လေထုမှာ မှုန့်ညက်သော ကျောက်မှုန်များဖြင့် ပိတ်ဆီးနေလျက်။ မိုင်းအလုပ်သမား ဒါဇင်ဝက်က အလုပ်ခွင်မှာ တပင်တပန်း လုပ်ကိုင်နေကြလျက်။ မိုင်းတွင်းတစ်လျှောက်ချိတ်ဆွဲထားသော တန်စတင်မီးသီးများ၏ တောက်ပသော အလင်းကို နောက်ခံလျက် သူတို့၏ ပုံရိပ်များမှာ ရွေ့လျားနေသည်။ သူတို့၏ ခေါင်းဆောင်းမီးအိမ်များမှ လွှတ်ထုတ်သော အေးမြပြာလွင်သော အလင်းစီးကြောင်းမှာ မျက်နှာများ၊ လက်ချောင်းများ၊ ပိုက်လိုင်းများနှင့် ဖိသိပ်လေသုံး လွန်၏ သတ္တုသားမျက်နှာပြင်ကို ထွန်းပြနေသည်။

မိုင်းအလုပ်သမားများ၏ အသံများက ကျဉ်းကျဉ်းကျုတ်ကျုတ်နေရာလေးထဲမှ ဖောက်ထွက်လာသည်။ သူတို့သည် လွန်အစိတ်အပိုင်းများကို ကြိုးဖြင့်အတူတကွ ချည်တွဲလျက် မိုင်းတွင်းအဆုံးဘက်မှာ လှည့်ပတ်နေရာချရန်ရုန်းကန်လှုပ်ရှားနေကြသည်။  လွန်ဖောက်စက်က ကျောက်စိုင်အတုံးအတစ်များကို စတင်ဖဲ့ထုတ်လိုက်သည်နှင့် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်နေခြင်းကို နားအူအောင်ဆူညံသော အသံက ချိုးဖျက်လိုက်သည်။ တချို့ ကျောက်တူးသမားများမှာ ဟဲလမက် ဦးထုပ်မာများဆောင်းထားကြပြီး အားလုံးသည် စျေးပေါသော ဘောကန်ဘောင်းဘီများ၊ တီရှတ်များနှင့် ညှပ်ဖိနပ်များ ဆင်မြန်းထားကြသည်။ မည်သူမျှ မျက်နှာအုပ် မဝတ်ထားကြပါ။

Andre Malerba/NRGI
ဤမှာ၊ မြန်မာ့ပူပြင်းခြောက်သွေ့သောအလယ်ပိုင်းဒေသ၏ အစွန်း မန္တလေးမြို့ကြီး၏ အရှေ့ဘက်တွင် ဆင်းရဲသော ကျေးလက်လူ့အသိုက်အဝန်းမှာ သူတို့၏ ဘဝရှင်သန်မှုအတွက် ရွှေတွင်းတူးသော လုပ်ငန်းအပေါ် ကြာရှည် မှီခိုနေကြရသည်။ မျှောတိုက်ပြီး လက်ဖြင့် ကျင်ယူခြင်းဖြင့် ရွှေကို ပထမဦးစွာ ရှာဖွေယူခဲ့ကြပြီးသည့်နောက် အစဉ်အလာ တူးဖော်သည့်နည်းများသည် စက်မှုလုပ်ငန်းပမာဏရှိသည့် လုပ်ငန်းခွင်များတွင် ဒိုင်းနမိုက်ဖြင့် မြေဖြိုခြင်း၊ လွန်ဖြင့်တူးဖော်ခြင်းနှင့် ဆိုင်းယနိုက်နှင့် ပြဒါးကဲ့သို့သော ဓါတုပစ္စည်းများသုံးသည့်နည်းများကို လမ်းဖယ်ပေးလိုက်ရပေပြီ။ ရွှေတွင်းအများစုမှာ ဒေသတွင်းနေထိုင်သူများက ပိုင်ဆိုင်ကာ စည်းလွတ်ဝါးလွတ်လုပ်ငန်းအဖြစ် လည်ပတ်လုပ်ကိုင်ကြပြီး တရားမဝင်လုပ်ငန်းများလည်း ဖြစ်သည်။

ဤအလုပ်သမားများ၏ လုပ်ငန်းမှာ ဤဆင်းရဲမွဲတေလျက် မိုးခေါင်မှုက ထုနှက်နေသော ဒေသတွင် များစွာလိုအပ်လျက်နေသော ဝင်ငွေအရင်းမြစ်ကို ရရှိစေသည်။ သတ္တုတွင်းတူးဖော်ခြင်းနှင့်ပတ်သက်သော အမိန့်ညွှန်ကြားချက်များ လစ်ဟာမှုက သဘာဝဝန်းကျင်ဆိုင်ရာ သက်ရောက်မှုနှင့် ဒေသခံလူထုများကို ဆိုးဆိုးရွားရွားထိခိုက်သက်ရောက်စေသော အန္တရာယ်များသည့် လုပ်ငန်းခွင်အခြေအနေများကို ဖြစ်ပေါ်စေသည်။ ဤအတောအတွင်း အနီးနားရှိ သတ္တုတွင်းကုမ္ပဏီတစ်ခုမှ လုပ်ကိုင်လည်ပတ်လျက်ရှိသော ရွှေတူးဖော်ခြင်း အထူးအခွင့်အရေးရလုပ်ငန်းကလည်း သဘာဝဝန်းကျင်နှင့် ဒေသခံ လူ့အသိုက်အဝန်းအပေါ် ဆိုးရွားသော အကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်စေလျက်ရှိသည်။

 Andre Malerba/NRGI
 Andre Malerba/NRGI
အာဝါသညစ်ညမ်းနယ်မြေနှင့် အဆုတ်တွင်းမှာ ဂန်းရောဂါ တရုတ်နှင့် မြန်မာ စီးပွားရေးသမားများ ပိုင်ဆိုင်သော သိဒ္ဓိအောင်ရွှေမိုး ကုမ္ပဏီက လုပ်ကိုင်လျက်ရှိသည်ဟု သိရသည့် ကျင်းဖွင့် ရွှေတွင်းက မြေမျက်နှာသွင်ပြင်ကို တူးဖဲ့လျက်ရှိသည်။ ၂၀၁၀ ခုနှစ်က ယင်းလုပ်ငန်း ကနဦးအစတွင် မူလအားဖြင့် ဧက ၂၀ သာ ရှိခဲ့သော်လည်း မမှန်းဆနိုင်သော အကျယ်အထိ တိုးချဲ့ခဲ့သည်။ ရေမြစ် ကျေးရွာအပါအဝင် အနီးဝန်းကျင်ရှိ ရွာများကို ထိခိုက်သက်ရောက်စေခဲ့သည်။ ဤတွင် အခြေချနေထိုင်သူများက သူတို့သည် ရွှေမိုင်းချဲ့ထွင်ခြင်းနှင့် ပတ်သက်၍ တစ်စုံတစ်ရာ နှစ်သိမ့်ဆွေးနွေးခြင်း၊ သို့တည်းမဟုတ် အသိပေးပြောကြားခြင်းကို မရခဲ့ကြောင်း အခိုင်အမာ ဆိုသည်။

ရွာက ယခု ခြောက်ပေမြင့်သော သဲပုံထိပ်မှာ တည်နေရပြီ။ ကုမ္ပဏီက စုပုံထားခဲ့သော ဤ သတ္တုတွင်းစွန့်ပစ်မြေများမှာ မြေဆီသြဇာကင်းသော သဲနှင့် ကျောက်စရစ်များဖြစ်ပြီး တောင်တန်းနံဘေးမှ မုတ်သုံမိုးရာသီအတွင်း တိုက်စားမျောပါခဲ့ကြခြင်းဖြစ်သည်။ ဤဖြစ်စဉ်မှာ ပတ်ဝန်းကျင် လယ်ယာမြေများ၏ ကျယ်ပြန့်သော အစိတ်အပိုင်းများသို့လည်း ဖြစ်ပေါ်ရောက်ရှိခဲ့ကာ လယ်ယာမြေများကို မြေဆီသြဇာဆုတ်ယုတ်ပျက်စီးစေခဲ့ကြောင်း ရေမြစ်ရွာတွင် မှီတင်းနေထိုင်သူများက ပြောသည်။

Andre Malerba/NRGI
မကြာမတင်နှစ်များအတွင်း ခန်းမှန်းခြေအားဖြင့် လူ၁၀၀ ရွှေတူးသမားများက သမုတ်သည့် "ဂန်းရောဂါ"}ဖြင့် ဆုံးပါးခဲ့ကြသည်ဟု မှတ်ယူကြသည်။ အကြောင်းမှာ (အရပ်အခေါ်အားဖြင့် "ဂန်း" ဟုခေါ်သော) ဖိသိပ်လေသုံး လွန်ဖောက်စက်ကြောင့် ထွက်ရှိလာသော အမှုန်များကို ရှူရှိုက်ခြင်းကြောင့် ရောဂါဖြစ်လာကြောင်း သူတို့က ယုံကြည်ကြသည်။ ယင်းအခြေအနေတွင် ပိန်ချုံးအားနည်းလာခြင်း၊ ချောင်းဆိုးခြင်းနှင့် အသက်ရှုရခက်ခဲခြင်းစသည့် ရောဂါလက္ခဏာများပြသပြီး အဆုတ်ရောဂါ (ြွှ)နှင့် ဆက်စပ်လျက်လည်းရှိသော လက္ခဏာများပင်ဖြစ်သည်။ 

သတ္တုတွင်းတူးသမားများ၏ ရောဂါလက္ခဏာမှာ အဆုတ်သဲမှုန်စွဲခြင်းနှင့် တူညီပုံရသည်။ သတ္တုတွင်းတူးသမားများနှင့် ကျောက်ခွဲသမားများကြား နုသော သဲဖုန်မှုန့်များ ရှူရှိုက်ရခြင်းကြောင့် ဖြစ်ရသည့် အဆုတ်တွင် ထိခိုက်ကူးစက်မှုမှာ တူညီနေသည်။ အဆုတ်သဲမှုန်စွဲခြင်း ထိခိုက်ကူးစက်မှုမှာ လူတစ်ဦးကို အဆုတ်နာရောဂါဟုလည်း သံသယဖြစ်စေသည်။ ]]ဂန်းရောဂါ}} ရစေခြင်းနှင့် ဆက်စပ်သည့် လုပ်ငန်းခွင်များတွင် လုပ်ကိုင်ခြင်းကို သတ္တုတွင်းသမားက ရပ်နိုင်သော်လည်း လူ့အသိုက်အဝန်းမှာ ဤအခြေအနေနှင့် ထိတွေ့ကျန်နေရစ်ပြီး သင့်လျော်မှန်ကန်သည့် ရောဂါရှာဖွေဖော်ထုတ်ခြင်းနှင့် ဆေးဘက်ဆိုင်ရာ အလေးပေးဂရုစိုက်ခြင်းတို့ မရခြင်းကြောင့် အခြားကျန်းမာရေးအခြေအနေများလည်း တွေ့ကြုံနိုင်သည်။

Andre Malerba/NRGI
ဆေးဘက်ဆိုင်ရာ စိန်ခေါ်ချက်များမှာ ကျန်းမာရေးဆိုင်ရာ စွန့်စားရင်ဆိုင်ရနိုင်မှုအကြောင်း ဒေသတွင်း အသိပညာချို့တဲ့ခြင်းနှင့် အကန့်အသတ်ရှိသော ပြုစုကုသမှုဆိုင်ရာ ရွေးချယ်စရာများက ထပ်ပေါင်း၍ လေးလံစေသည်။

ချောင်းကြီးကျေးရွာမှ ကိုမော်ကြီးဟု ခေါ်သော အလုပ်သမားက ဆေးကုသမှုကို အစီအစဉ်အပြည့် မယူခဲ့သော်လည်း အဆုတ်ရောဂါမှ ကောင်းမွန်စွာ နာလန်ထကျန်းမာနိုင်ခဲ့ခြင်းမရှိကြောင်း ပြောသည်။ သူ၏ အဖျားနှင့် ညပိုင်း ချွေးထွက်ခြင်းများ ပျောက်ကင်းသွားသော်လည်း ကိုယ်အလေးချိန်ပြန်လည်တက်လာခြင်းလည်း မရှိ၊ အသက်ရှူရာတွင် ခက်ခဲသော တွေ့ကြုံခံစားနေရခြင်းကမူ ရှိနေဆဲဟု သူကဆိုသည်။ သို့သော် မြင့်မားသော တာဝန်ရှိသူဟု သူတို့ ရှုမြင်လေ့ရှိကြသည့် ဆရာဝန်တစ်ဦးကို ဤထွေပြားသော ခံစားချက်လက္ခဏာများ သတင်းပို့ အစီရင်ခံရန် စိုးရွံ့မှုက ထပ်မံကုသချက်များ ရှာဖွေရယူနိုင်ခြင်း မရှိစေခဲ့။ 

Andre Malerba/NRGI 
ထိန်းချုပ်မရသော ဓာတုပစ္စည်းသုံးစွဲမှု အလုပ်သမားများမှာလည်း ပြဒါးနှင့် ဆိုင်းယနိုက်များကို အကာအကွယ်ပစ္စည်းများ မပါရှိဘဲ ကိုင်တွယ်နေကျ ဖြစ်သည်။ မြန်မာ့သတ္တုတူးဖော်ရေး သဘောတူစာချုပ်များအရ ဤဓာတုပစ္စည်းများကို တရားဝင်ပိတ်ပင်ထားသော်လည်း ယင်းတို့ကို ဒေသအလိုက် ပိုင်ဆိုင်ထားသော သတ္တုတွင်းများတွင် သုံးစွဲလျက်ရှိပြီး အာဏာပိုင်များကလည်း ဝင်ရောက်စွက်ဖက်ခြင်းမှ ရှောင်ကြဉ်နေကြသည်။ အမှန်စင်စစ် အချို့ ဒေသတွင်း သတ္တုတွင်းပိုင်များက ဓာတုပစ္စည်းများ သုံးခြင်းကို မကွယ်မဝှက်ဘဲ ခွင့်ပြုထားကြသည်။ သိရှိရသရွေ့ ဖြစ်ပေါ်လာနိုင်သော အကျိုးဆက်များကိုလည်း မကြောက်ရွံ့ကြပေ။ ကျင်းဖွင့်သတ္တုတွင်းများ၏ အရေးတွင် ကျောက်တုံးကျောက်ခဲများကို ထရပ်ကားလိုက် လုပ်ငန်းခွင်ပြင်ပနေရာများသို့ စွန့်ပစ်သည်ဟု အဆိုရှိရာ ယင်းတို့တွင် တွင်းထွက်သတ္တုများ ထုတ်ယူရာတွင် ပမာဏများပြားစွာ သုံးစွဲထားသော ဆိုင်းယနိုက်များ ပါဝင်ပေသည်။

သဘာဝဝန်းကျင်ဆိုင်ရာ စောင့်ကြည့်မှုအားနည်းခြင်းနှင့် ဥပဒေအရအခိုင်အမာဖြစ်စေမှု ပေါ့လျှမ်းခြင်းတို့က ဤနည်းစဉ်မှ စွန့်ပစ်ပစ္စည်းများက နယ်ပယ်တွင်း ရေနှင့် မြေလွှာအား ညစ်ညမ်းစေမည့် အန္တရာယ်ကို ဖန်တီးပေးသည်။ သတ္တုတွင်းလုပ်ငန်းတွင် ဓာတုပစ္စည်းအသုံးကြောင့် ရေရှည် ထိခိုက်သက်ရောက်မှုများကို ဤတွင် သိပ္ပံနည်းကျ မှတ်တမ်းတင်ထားခြင်းမရှိလင့်ကစား အနီးအနားရှိ ရေလမ်းကြောင်းမား၌ ငါးသေအမြောက်အမြားကို သူတို့ တွေ့ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။ 

Andre Malerba/NRGI

Drag Left or Click Image to Start Slideshow

ဘောဂဗေဒရှင်သန်မှုလမ်းကြောင်းတစ်ခုယင်းကဲ့သို့ အဆိုးသက်ရောက်မှုများ ရှိလင့်ကစား ဒေသအလိုက်ပိုင်ဆိုင်သော ရွှေတွင်းများက ဒေသတစ်ဝိုက်တွင် ရှိသော လူ့အသိုက်အဝန်းများဆီ အကျိုးကျေးဇူးများလည်း ဆင့်ကမ်းပေးသည်။ ရွှေတွင်းများမှ ရသော ဘဏ္ဍာငွေကြေးဖြင့်ထောက်ပံ့ထားသည့် ကျောင်းများမှာ အခမဲ့ လက်ခံကာ ကျောင်းသားဦးရေ များများကို သင်ကြားလည်ပတ်နေသည်။ ကျေးရွာများသည်လည်း နှိုင်းစာပါက သန့်ရှင်းစွာ တွေ့မြင်ရပြီး အိမ်များကိုလည်း ကောင်းကောင်းဆောက်ထားကြသည်။ 

ရွှေတွင်းများတွင် လုပ်ကိုင်သော သူများသည် တစ်ရက်လျှင် အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာခန့် ရှာနိုင်ပြီး အုတ်စက်၊ သို့မဟုတ် ကျောက်စရစ်ကျင်းတွင် လုပ်သည့် ပျမ်းမျှ မြန်မာအလုပ်သမားများထက် ငါးဆခန့် ပိုရနိုင်ကာ လယ်ယာလုပ်သားများထက် ၁၀ ဆ ပိုဝင်သည်။ အခြားသော အလုပ်အကိုင်မရှာနိုင်သော လူများသည် တစ်ခါတစ်ရံ ကျင်းဖွင့်ရွှေတွင်းများသို့ ခိုးတူပြီး လုပ်ငန်းသုံး စက်ကြီးများ၏ အနားတွင်ပင် ရွှေမျောတိုက်ယူကြသည်။ 

သူတို့သည် ကံကောင်းသော ရက်များတွင် ၅ ဒေါ်လာခန့် ရှာဖွေနိုင်သော်လည်း ကျောင်းတုံးများ ပိခြင်းနှင့် မြေပြိုခြင်းကြောင့် ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် သေဆုံးခြင်း ဖြစ်နိုင်ပြိီး ရဲ့များကလည်း ပိုင်ရှင်များ၏ အမိန့်အရ ရွာသားများကို အတင်းအကျပ် နှင်ထုတ်လေ့ရှိသည်။

Andre Malerba/NRGI
သတ္တုတူးဖော်ရေးကဏ္ဍကို ပြုပြင်ပြောင်းလဲခြင်း

ရလဒ်အားဖြင့် မြန်မာနိုင်ငံ၏ ဆက်လက်ဆောင်ရွက်နေသော သဘာဝ သယံဇာတကဏ္ဍ ပြောင်းလဲခြင်း ဖြစ်စဉ်များကို တိုးချဲ့ရန် အလားအလာရှိပေသည်။ ရွှေနှင့် အခြား တွင်းထွက်သတ္တုသိုက်များ တူးဖော်ခြင်းမှာ ဒီဇင်ဘာလအတွင်း လွှတ်တော်တွင် သတ္တုတူဖော်ခြင်းဥပဒေ ပြင်ဆင်ချက်များကို အတည်ပြုပြီးနောက် တိုးလာလိမ့်မည်။ ဥပဒေပြင်ဆင်ချက်မှာ ပြည်တွင်းကုမ္ပဏီများနှင့် အစုစပ်လုပ်ကိုင်ရန် နိုင်ငံခြားကုမ္ပဏီများအတွက် အခွင့်အလမ်းများ ပိုမိုဖန်တီးပေးလိမ့်မည်။

ဤနေရာတွင် စဉ့်ကူးမြို့နယ်ကဲ့သို့ အသေးစား သတ္တုတူးခြင်းမှ ဝင်ငွေပေါ်တွင် မှီခိုသော၊ သို့မဟုတ် အကြီးစား သတ္တုတူးဖော်ရေး ပရောဂျက်များ၏ သက်ရောက်ရိုက်ခတ်မှုကို ခံစားနေရသော ဒေသခံ လူထု၏ အကျိုးအမြတ်ကို သတ္တုတူးဖော်ရေး ဥပဒေသစ်၏အောက်တွင် အကာအကွယ်ပိုပေးထားသင့်သည်။ 

Andre Malerba/NRGI
သယံဇာတတူးဖော်ရေးလုပ်ငန်းများ ပွင်လင်မြင်သာမှု ရှေ့ဆောင်အဖွဲ့ (EITI)၏ အဖွဲ့ဝင်နိုင်ငံအဖြစ် မြန်မာ၏ အနေအထားတွင် သတ္တုတွင်းကဏ္ဍတွင် ပို၍မြင့်မားသော တာဝန်ခံမှုဆီသို့ လှမ်းတက်ရန် ကုမ္ပဏီများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့်အတူ အစိုးရလုပ်ငန်းများကိုတွေ့မြင်နိုင်ရန်ရှိသည်။

EITI ကိုယ်စားလှယ်များ ဒေသတွင်းရှိ ရွာနှင့် အခြား ရွှေတွင်းလုပ်ကိုင်သော မြို့များကို လာရောက်ခဲ့သော်လည်း ဤလုပ်ငန်းစဉ်၏ သက်ရောက်မှုများမှာ ရေမြစ်ကဲ့သို့ သတ္တုတူးဖော်သည့် အသိုက်အဝန်းများတွင် အချမ်းသာဆုံးသူများ၏ <ကယ်ဝမှုတိုးလာသည့် ရလဒ်အဖြစ် ဆင်းရဲသူများ ဖြည်းဖြည်းချင်းအကျိုးအမြတ်ရခဲ့သေးရုံသာ ရှိပေသည်။ လာမည့်နှစ်ကာလများအတွင်း EITI နှင့် အခြား ပြုပြင်ပြောင်းလဲမှုများမှာ မြန်မာ့ရွှေတူးဖော်ရေးလုပ်ငန်း၏ အကျိုးသက်ရောက်မှုများနှင့်ပတ်သက်၍ ပိုမိုများပြားသော လင်းကျင်းမှုများကို ဖြန့်ကျက်ပေးလိမ့်မည်။ သဘာဝဝန်းကျင်၊ ဒေသဆိုင်ရာ အကျိုးအမြတ်နှင့် အလားတူ စီးပွားလုပ်ငန်းကြီးများအတွက် စဉ်ဆက်တည်တံ့မည့် သတ္တုတူးဖော်ရေးလုပ်ငန်းပုံစံကို ရရှိနိုင်ရန် ထောက်ကူလိမ့်မည်။

The UNEARTH project is supported by the Natural Resource Governance Institute and was initiated as part of its Extractive Industries Photo Documentary Project.