Location
  • Rakhine

ရခိုင်ပိုက်လိုင်းက ဓာတ်ငွေ့ကို တရုတ်ပြည်သို့ ဆောင်နှင်း၊

အခက်အခဲဒုက္ခများကို ကျေးရွာသားများဆီသို့ ဆောင်နှင်း

Images by
Yu Yu Myint Than
Text by
Yu Yu Myint Than and Paul Vrieze
ဇွန်လ ၂၀၁၅ခုနှစ်၊ မဒေးကျွန်း၊ ရခိုင်ပြည်နယ်။ သည်းထန်သော မုတ်သုံမိုးစက်များကို ဖြတ်လျက် မီးခိုးရောင်သဏ္ဍာန်ရိပ်များကိုသာ မြင်နိုင်သည့်နေရာသို့ ကျွန်မတို့ ချဉ်းကပ်မိသောအခါ လှေသမားက မဒေးကျွန်းက ကြိုဆိုပါတယ် ဟု ဆိုလိုက်ပါသည်။ ဘင်္ဂလားပင်လယ်အော်အတွင်းရလှိ ကျွန်းဆီသို့ ကျွန်မ စီးနင်းလိုက်ပါခဲ့သော ကုတို့မှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ ကမ်းရိုးတန်းမြို့ဖြစ်သည့် ကျောက်ဖြူမှ နှစ်နာရီကြာ အချိန်ယူခဲ့ရသည်။

မဒေးနှင့် ရမ်းမရီး(ရမ်းဗြဲ) ကျွန်းတို့မှာ အထူးစီးပွားရေးဇုန်နယ်မြေများဖြစ်ပြီး တရုတ်နောက်ခံ ရွှေဓာတ်ငွေ့ပိုက်လိုင်းအတွက် စတင်ရာနေရာများဖြစ်သည်။ ကျွန်းပေါ်တွင် လှည့်ပတ်သွားလာရန် သင့်တော်ကောင်းမွန်းသော လမ်းများ တွေ့နိုင်ရန် ကျွန်မ မျှော်လင့်ထားသော်လည်း ဒေသခံကျေးရွာသားများ အသုံးပြုသော လမ်းများ၏ တိုးတက်မှုသည် ပရောဂျက်၏ အစိတ်အပိုင်းအဖြစ် မပါဝင်ကြောင်း မကြာမတင်မှာပင် သိလာရသည်။

Yu Yu Myint Than/NRGI
"လမ်းတွေက ပျက်ကုန်ပြီး ဘယ်မော်တော်ဆိုင်ကယ်မှ မသွားနိုင်ဘူး။ အဲဒီကို ခြေကျင်သွားဖို့က လွဲပြီး ခင်ဗျားမှာ ရွေးချယ်စရာမရှိဘူး " ရွာမကျေးရွာသို့ စီးသွားရန် မော်တော်ဆိုင်ကယ်တစ်စီးကို ရှာသောအခါ ဒေသခံတစ်ဦးက ကျွန်မတို့ကို ပြောလိုက်ခြင်း ဖြစ်သည်။ ရွာသားတစ်ဦး၏ အကူအညီဖြင့် လျောက်လှမ်းလိုက်တိုင်း ရွှံ့ဖြင့် ချောနေသော လမ်းအတိုင်း လေးလံသော ကျောပိုးအိတ်ကြီးကို လွယ်ကာ ရွာသို့ခက်ခက်ခဲခဲ သွားခဲ့ရပါသည်။ လမ်းတစ်လျှောက်တွင် ကျောင်းမှနေ ဖိနပ်မပါဘဲ အိမ်ပြန်လာနေကြသည့် ကျောင်းသားများကို တွေ့ရပါသည်။ ရွှံ့ထဲတွင် ဖိနပ်များ နစ်မနေစေရန် ဖိနပ်တွေကို မစီးဘဲ သူတို့ လက်ဖြင့် ကိုင်လာကြပါသည်။

ယင်းမှာ မြန်မာနိုင်ငံ၏ အကြီးဆုံးနှင့် အကျိုးအမြတ်အရဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပရောဂျက်မှ ၂၀၀၉ ခုနှစ်၊ ယခင် အာဏာသိမ်းစစ်အစိုးရလက်အောက်တွင် စတင်စဉ်ကတည်းက ဒေသခံနေထိုင်သူလူထုအတွက် အကျိုးကျေးဇူး မရှိသလောက်သာ ရကြောင်း ပထမ အညွှန်းပင် ဖြစ်သည်။ အကျိုးကျေးဇူးပြုမှုအစား လျော်ကြေးငွေ အနည်းငယ်မျှနှင့် မြေများကို သိမ်းယူခြင်း၊ အသက်မွေးမှုဘဝ ပျောက်ဆုံးခြင်းနှင့် ဒေသဆိုင်ရာ အာဏာပိုင်များ၏ ဖိနှိပ်ခြင်းများကို ပရောဂျက်က ဦးတည်စေခဲ့သည်။ 

Yu Yu Myint Than/NRGI
ကုမ္ပဏီများအတွက် လာဘ်ဖွင့် မဒေးကျွန်းမှာ ရေနက်ဆိပ်ကမ်းနယ်မြေဖြစ်သည်။ ရမ်းဗြဲမှာ မြေအောက်ပိုက်လိုင်းနှစ်သွယ်က ရေနံနှင့် သဘာဝဓာတ်ငွေ့တို့ကို ကမ်းလွန်စခန်းနှစ်ခုမှ ကမ်းခြေသို့ သွယ်ပို့ရာ ဖြစ်သည်။ ထိုနေရာမှ ကုန်းတွင်းကို ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်းတို့ အပြိုင်ရွေ့လျားသွယ်တန်းကာ တရုတ်မြန်မာနယ်စပ်ကို မဖြတ်မီ ရခိုင်ပြည်နယ်၊ မကွေးနှင့် မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်တို့ကို ဖြတ်သန်းသည်။ နောက်ဆုံးတွင် ယူနန်ပြနယ်၏ မြို့တော် ကူမင်းတွင် အဆုံးသတ်သည်။

တရုတ်၏ နိုင်ငံပိုင် တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (CNPC)နှင့် မြန်မာ့ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်း (MOGE) တို့အကြား ဖက်စပ်လုပ်ငန်းသည် နှစ် ၃၀ လည်ပတ်လုပ်ကိုင်မှုအတွင်း ဓာတ်ငွေ့နှင့် ရေနံမှ ဘဏ္ဍာငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၄ ဘီလျံဖိုး ထုတ်လုပ်ရန် ခန့်မှန်းတွက်ချက်ထားသည်။ ယင်းမှ အများစုသည် မြန်မာ့ရွှေဓာတ်ငွေ့နယ်မြေမှ လာမည်ဖြစ်သည်။ ရွှေဓာတ်ငွေ့နယ်မြေမှာ ၂၀၀၄ ခုနှစ်တွင် စတင်ထုတ်ဖော်ခဲ့ပြီး မြန်မာ့ရေနံ (MOGE)၊ ကိုရီးယား၏ ဒေဝူးနိုင်ငံတကာနှင့် အိုအဲန်ဂျီစီ ဗင်းဒက်ရှ် (ONGC Videsh)၊ ကိုဂက်စ် (KOGAS)နှင့် ဂျီအေအိုင်အယ်လ် (GAIL)တို့ ပါဝင်သော ကုမ္ပဏီများ စုပေါင်းထားသည့် အဖွဲ့မှာ ကိုင်တွယ်ထိန်းချုပ်သည်။

ပိုက်လိုင်းဖြတ်သန်းသွားရာ နယ်မြေရှိ လူ့အသိုက်အဝန်းများအတွက် ကျောင်းများနှင့် ဆေးရုံများ ဆောက်လုပ်ရန် ကုမ္ပဏီများက ဒေါ်လာ သန်းနှင့်ချီ၍ပေးကမ်း ပတ်သက်ခဲ့သော်လည်း ၂၀၁၃ ခုနှစ်တွင် သွယ်တန်းပြီးသော ဓာတ်ငွေ့ပိုင်လိုင်း၏ ကုန်းတွင်းတည်ဆောက်မှုမှာ လူ့အခွင့်အရေးအလွဲသုံးမှုအစီရင်ခံစာများ၊ ပိုမိုးဆိုးလာသည့် တိုင်းရင်းသား ပဋိပက္ခများနှင့် ယင်းပိုက်လိုင်းတစ်လျှောက် ဒေသခံလူနေမှုဘများအပေါ် အဆိုးသဘော သက်ရောက်မှုများဖြင့် ရုပ်ပျက်စေခဲ့သည်။ 

Yu Yu Myint Than/NRGI
ရပ်ရွာများအတွက် ဝန်ထုပ်ဝန်ပိုး မဒေးကျွန်းပေါ်တွင် ညနေ ခြောက်နာရီ ထိုးသည်နှင့် လူတိုင်းသည် သူတို့၏ ဖုန်းများ၊ လက်နှိပ်ဓာတ်မီးများနှင့် အားသွင်းတုံးများကို အားသွင်းရန်၊ သို့မဟုတ် အဝတ်များ မီးပူထိုးရန်နှင့် ရုပ်သံကြည့်ရန် ပျောက်သွားကြသည်။ ရေနက်ဆိပ်ကမ်းနှင့် ရေနံနှင့် ဓာတ်ငွေ့ပို့လွှတ်ရာ အချက်အချာတစ်ခု ပေါ်ထွန်းလာလင့်ကစား မဒေကျွန်းရှိ လူများမှာ လျှပ်စစ်ဓာတ်အားကို ညနေ ၆ နာရီမှာ ည ၁၀ နာရီခွဲအထိသာ သုံးစွဲနိုင်ကြသည်။

ပရောဂျက်နှင့် ဆက်စပ်ပတ်သက်သော ကုမ္ပဏီများက ဒေသခံလူအုပ်စုများကို ပရောဂျက်မှ အကျိုးကျေးဇူးခံစားရမည်ဟု အခိုင်အမာပြောဆိုကြကြောင်း ဒေသခံ ကိုဖြူသီးက ဆိုသည်။ သို့သော်ဟု သူက စကားဆက်သည်။ "ဘယ်မှာလဲ ၂၄ နာရီ လျှပ်စစ်ဓာတ်အား။ ဘယ်မှာလည်း လမ်းကောင်းပန်းကောင်း။ အလကား၊သူတို့က အတုအယောင်မျှော်လင့်ချက်တွေပဲ ကျွန်တော်တို့ကို ပေးခဲ့တာ"။

သို့သော် ပရောဂျက်၏ အပြင်းထန်ဆုံး သက်ရောက်မှုမှာ ၂၀၀၉ ခုနှစ်ကတည်းက လယ်မြေဆုံးရှုံးခဲ့ရသော လယ်သမားများ ပေါ် ကျရောက်ပေသည်။

Yu Yu Myint Than/NRGI
မဒေးကျွန်းမှာ ယင်း၏ စိုက်ပျိုးရေးလုပ်ငန်းကြောင့် ကျော်ကြား ထင်ရှားခဲ့ကြောင့် လှေသမား မန်းကိုစစ်နိုင်က ကျွန်တော့်ကို ပြောပြသည်။ "အတိတ်နေ့ရက်တွေကဆိုရင် မဒေးကျွန်းကနေ သူတို့ရဲ့ ကောက်ပဲသီးနှံတွေကို ကျောက်ဖြူမှာ ရောင်းချဖို့ သွားတဲ့ ခရီးသည်တွေကို အမြောက်အမြားပဲ။ ကျောက်ဖြူက တချို့လူတွေကလည်း ကျွန်းပေါ်က ထွက်ကုန်တွေကို ဝယ်ယူဖို့ လာကြတယ်"ဟု သူက ပြောသည်။ "ပိုက်လိုင်းပရောဂျက်စတင်ကတည်းက ကျွန်တော့်မှာ ဖောက်သည်တွေ နည်းနည်းလာတာ။ ဘာကြောင့်ဆို လယ်ယာလုပ်ငန်းကလည်း အရင်ကလို မကောင်းတော့ဘူး။ အခု မဒေးကျွန်းပေါ်မှာ လယ်သမား နည်းနည်းပဲ ရှိတော့တယ်။"

လယ်မြေအတင်းအကျပ်သိမ်းဆည်းမှုများကို စစ်အာဏာသိမ်းအစိုးရ၏ ဖိနှိပ်မှုကို ကြောက်ရွံ့နေကြသော ရွာသားအများစုက ပထမဆုံးကြုံတွေ့ကြရသည်။ သူတို့ပေးသမျှ လျော်ကြေးကို ကျေနပ်လက်ခံကြရသည်။ "ကျွန်တော်တို့က ဘယ်လိုငြင်းနိုင်မလဲ။ ကျွန်တော်တို့ရဲ့ လယ်ယာမြေတွေကို ဘူဒိုဇာတွေနဲ့ သူတို့ ထိုးဖျက်ကြပုံကို မြင်ရတာ ဘယ်လောက်ကျွန်တော် ခါးခါးသီးသီးခံစားရလိုက်သလဲ" ဟု ဦးထွန်းမောင်နုက ကျွန်တော့်ကို ပြောသည်။ ”

ရွာသားများစွာက မမျှတစွာ ပြုမူဆက်ဆံခံခဲ့ရခြင်းအပေါ် ခံစားနေရဆဲ ဖြစ်သည်။ စိုက်ပျိုးထားသော မြေများအတွက်သာ လျော်ကြေးပေးခဲ့သည်။ စိုက်ပျိုးထားသော ပျဉ်းကတိုးသစ်တောများ နှင့် နွားစားကျက် အကွက်များက ို မြေလွတ်အဖြစ် မှတ်ယူခဲ့ကြပြီး လျော်ကြေးပေးခြင်းမရှိပေ။ မဒေးကျွန်းပေါ်တွင် လယ်သမား ၃၀ က ပိုင်သော စုစုပေါင်းမြေ ၁၁၄ ဧကကို လျော်ကြေးမပေးဘဲ သိမ်းယူခဲ့ကြကြောင်း သိရသည်။

ယခုအခါတွင် ယခင် လယ်သမားများစွာမှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းပြင်ပတွင် ရှာဖွေအသက်မွေးရန် ကျွမ်းကျင်မှု နည်းပါးကြသည်။ ပရောဂျက်က ရရှိစေရန် အာမခံထားသော အလုပ်အသစ်များရရှိရန်မှာလည်း လက်တွေ့မဖြစ်လာပေ။

"သူတို့က အလုပ်အကိုင်အခွင့်အလမ်းတွေ ပေးပါမယ်လို့ ကျွန်တော်တို့ကို ကတိပေးထားခဲ့တယ်။ အထူးသဖြင့် မြေဆုံးတဲ့ သူတွေကို ရစေမယ်တဲ့" ဟု ရွာမကျေးရွာမှ သာဇံကြီးက ပြောသည်။ "ဟုတ်ပါတယ်။ ကျွန်တော် ယာယီအလုပ်တချို့ရခဲ့ပါတယ်။ ဆေးသုတ်တာလိုနဲ့ ဆောက်လုပ်ရေးကာလအတွင်း အုတ်သယ်ရတာလိုအလုပ်မျိုးတွေ။ ဒါပေမဲ့ အခုတော့ ကျွန်တော် အလုပ်လက်မဲ့ပဲ။ ဘယ်အလုပ်ကြပ်ကမှာ ကျွန်တော့်ကို လာပြီး အလုပ်ဆင်းဖို့ မခိုင်းဘူး။"

"ကျွန်တော်တို့မှာ ကျွမ်းကျင်မှုလိုတယ်လို့ သူတို့ပြောတဲ့အချက်ကို ကျွန်တော်သဘောတူပါတယ်"ဟု သူက ဆက်ပြောသည်။ "ဒီလိုဆိုရင် ဘာကြောင့် သူတို့က လေ့ကျင့်သင်ကြားရေးကို မပံ့ပိုးကြသလဲ။ လူလတ်ပိုင်းတွေနဲ့ ကျွန်တော့်လို့ ပိုအသက်ကြီးတဲ့သူတွေကိုက ထားပါတော့။ ဒါပေမဲ့ လူငယ်တွေကို သင်တန်းပေးသင့်တယ်။ ကျွန်တော့်သားက အခု အလုပ်လက်မဲ့ပဲ။ ပြီးတော့ သူက ၂၂ နှစ်ရှိပြီ။ ကျွန်တော်တို့မှာ လယ်ယာလုပ်စားဖို့ မြေလည်း မကျန်ဘူး။ အလုပ်လုပ်ဖို့ရာ မြေဝယ်ဖို့လည်း ပိုက်ဆံလုံလုံလောက်လောက်မရှိဘူး။"

မြေကျန်နေသေးသူတွေက လယ်သမားအဖြစ် အသက်မွေးဖို့ ကြိုးစားနေကြသော်လည်း အဆင်ပြေသာယာခဲ့သော အတိတ်ကို ပြန်သတိရနေကြသည်။ ဦးအောင်က "မတိုင်မီက ကျွန်တော်တို့က ဒီနှစ် သီးနှံရိတ်သိမ်းပြီးရင် နောက်နှစ်အတွက်ဘဲ စိုးရိမ်ပူပန်ဖို့ မလိုဘူး။ အခုတော့ ကျွန်တော်တို့ အများစုဟာ နောက်ရပ်အတွက်နောင် ပူပင်နေရတယ်။ ဘယ်သူက ဆန်အလကား လာပေးမလဲ။"

Yu Yu Myint Than/NRGI
Yu Yu Myint Than/NRGI

Drag Left or Click Image to Start Slideshow

ကွဲလွဲချက်ကို ဖိနှိပ်ခြင်းရွှေဓာတ်ငွေ့ပရောဂျက်သည် ယခင် အာဏာသိမ်းစစ်အစိုးရက အတည်ပြုခဲ့သော တရုတ်နောက်ခံ ဧရာမပရောဂျက်များတွင် တစ်ခုဖြစ်သည်။ တရုတ်နှင့် စစ်တပ်ကိုသာ အကျိုးကျေးဇူးရှိစေသည်ဟု သိရှိခံစားမိသော မြန်မာလူထုနှင့် ဒေသခံ လူ့အသိုက်အဝန်းကို ဒေါသထွက်စေရန် ဆက်လက်လုပ်ကိုင်လျက်ရှိသော ပရောဂျက်တစ်ခုလည်း ဖြစ်သည်။

၂၀၁၃ ခုနှစ် ဧပြီ ၁၈ ရက်က မဒေးကျွန်းပေါ်တွင် လူထု ၃၀ဝ ခန့်က ပရောဂျက်ကို ဆန့်ကျင်ကန့်ကွက်သော အကြီးဆုံး ဆန္ဒပြပွဲတစ်ခု လှုပ်ရှားဆောင်ရွက်ခဲ့သည်။ အာဏာပိုင်များက ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ အရ ပိတ်ပင်ထားသာ တရားဝင်ခွင့်ပြုချက်မယူဘဲ လူသူစုဝေးခြင်းမှာ ဖြိုခွဲခြင်း ခံခဲ့ရသည်။ အဆိုပါ ဖိနှိပ်ပိတ်ပင်သော အမိန့်ကို လွန်ခဲ့သော နှစ်မကြာသေးမှီက ထုတ်ပြန်ထားခဲ့သည်။ ထိုအတွက် လူ ဆယ်ဦး အဖမ်းအဆီးခံရပြီး နောက်ပိုင်းတွင် တရားခွင်တွင် ရင်ဆိုင်ရန် အာမခံနှင့် လွှတ်ပေးခဲ့သည်ဟု ပရောဂျက်ကို ဆန့်ကျင်လျက်ရှိသော တကြွ်ကလှုပ်ရှားရေး အုပ်စုဖြစ်သော ရွှေဓာတ်ငွေ့လှုပ်ရှားမှု အဆိုအရ သိရှိရသည်။

Yu Yu Myint Than/NRGI
သို့သော် သမ္မတသိန်းစိန်၏ အကူးအပြောင်းကာလ အစိုးရလက်ထက်နောက်ပိုင်း မကျေနပ်ကန့်ကွက်ချက်များအပေါ် ပို၍ လက်ခံဆောင်ရွက်မှုများ ပေါ်ပေါက်လာခဲ့သည်။ ရရှိသော ဓနငွေကြေားများက အချို့ အခြေချနေထိုင်သူများအတွက် အပြောင်းအလဲ ဖြစ်စေနိုင်ခဲ့သည်။ CNPC နှင့် MOGE တို့က မြေလွတ်အဖြစ်သိမ်းယူခဲ့သော ဧက ၁၀ဝ မကအတွက် လျော်ကြေးငွေများ ပေးအပ်ရန် မကြာမတင်က ကတိပြုခဲ့သည်ဟု ဒေသခံများအဆိုအရသိရှိရသည်။ ကုမ္ပဏီနှင့် ဒေသခံ အရပ်ဖက်လူ့အဖွဲ့အစည်း အုပ်စုများကြား လက်ခံထားသော ဈေးနှုန်းမှာ တစ်ဧကလျှင် ၁၀ သိန်း (သို့မဟုတ် အနီးစပ်ဆုံး ၇၈၅ ဒေါ်လာ) ဟု သိရသည်။

ကုမ္ပဏီတွေကပေးထားသော ကတိကို စောင့်တည်မည်လားဆိုသည် မှာ စောင့်ကြည့်နေရမည်း အလားအလာပင်ဖြစ်ပသည်။ "ကျွန်မတို့ကို အစပိုင်းကတည်းက သူတို့ အများကြီး ကတိပေးခဲ့ကြတာပဲ။ သူတို့ ကတိတွေ တကယ်ဖြစ်လာမှပဲ ကျွန်မတော့ အသက်ဝ၀ရှူနိုင်တော့မယ်။" ရွာခံတောင်သူ ဒေါ်လှသိန်းရီ မှ ရင်ဖွင့်ခဲ့ပါသည်။

The UNEARTH project is supported by the Natural Resource Governance Institute and was initiated as part of its Extractive Industries Photo Documentary Project.