Location
  • Magwe

ရေနံမြေနှစ်ခု၏ ပုံပြင် ရေနံတူးဖော်ခြင်းက

ကြီးမားသောသက်ရောက်မှုများကို မီးမောင်းထိုးပြနေသာ မကွေး ရေနံမြေများ

Images by
Matt Grace
Text by
Matt Grace and Paul Vrieze
ဇူလိုင်လ ၂၀၁၅ခုနှစ်၊ မင်းလှမြို့နယ်၊ မကွေးတိုင်း။ အစိမ်းရောင်တဲများနှင့် မွဲပြာရောင်ရွှံ့တွေက ထန်းကိုင်း ရေနံမြေရှိ မြင်ကွင်းကျယ်ထဲမှာ မျက်စိတစ်ဆုံး ကျယ်ပြောလျက်။ ထန်းကိုင်းသည် မြန်မာနိုင်ငံအလယ်ပိုင်း ရေနံစိမ်းကြွယ်ဝသော မကွေးဒေသရှိ ရေနံမြေများစွာထဲမှာ တည်ရှိနေသည့် တစ်ခုသော ရေနံမြေဖြစ်သည်။

ရေနံများ ပေကျံဖုံးလွှမ်းနေသည့် အလုပ်သမားအုပ်စုများသည် ရေနံစုပ်ပန့်များကို စွမ်းအားပေး မောင်းနှင်နေသော ဂျင်နရေတာများ၏ အဆက်မပြန် မြည်ဟီးသံများအလယ်တွင် ပင်ပန်းကြီးစွာ လုပ်ကိုင်နေကြသည်။ ယခင် နိုင်ငံပိုင်ရေနံမြေဖြစ်သော ဤရွှေမဲမှော်သို့ ဝင်ရောက်လာသည့် ရာချီသော အသေးစားရေနံတွင်းတူသမားများကြားတွင် မျှော်လင့်ချက် စကားသံများက ပျံ့နှံ့လျက်ရှိသည်။

Matt Grace/NRGI
၂၀၁၃ ခုနှစ်တွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းသည် ကုန်းတွင်း ရေနံမြေအား ထိန်းချုပ် အကျိုးအမြတ်ထုတ်ယူနေခြင်းကို စွန့်လွှတ်လိုက်သည်။ ၁၉၉၀ ခုနှစ်များတွင် မြန်မာ့ရေနံနှင့် ပုဂ္ဂလိက ကုမ္ပဏီတစ်ခုတို့က သူတို့၏ နယ်မြေများကို အတင်းအကျပ်သိမ်းယူခဲ့သည်ဟု ဆိုသော ဒေသခံ အခြေချနေထိုင်သူများ၏ တရားဥပဒေကြောင်းအရ ကန့်ကွက် အရေးဆိုမှုများ နောက်ပိုင်းတွင် ဖြစ်သည်။

မြေများကို ပြန်လည်ရပြီးသည့်နောက်ပိုင်း အသေးစားရေနံတွင်းတူးသမားအုပ်စုများသည် ကျန်ရှိနေသေးသော ရေနံများကို ခေတ်မမီသော တွင်းတူးနည်းပညာများဖြင့် ထုတ်ယူနိုင်ရန် မျှော်လင့်လျက် ပြောင်းရွှေ့ဝင်ရောက်လာခဲ့ကြသည်။ တွင်းတူးကန့်သတ်ချက်များဟု ထင်မြင်သည်များကို အတည်ပြုထိန်းချုပ်ရန် အာဏာပိုင်များ၏ မဆိုစလောက်အားထုတ်မှုများက ဤနယ်မြေကို လူတိုင်း လွတ်လွတ်လပ်လပ် လုပ်ချင်ရာ လုပ်နိုင်သော ဥပဒေမဲ့ဒေသအဖြစ်သို့ လျင်မြန်စွာ ဖြစ်ပေါ်ကြီးထွားစေခဲ့သည်။

မြန်မာနိုင်ငံသည် ရေနံစိမ်းစည် ၃.၂ ဘီလျံ ထွက်မည်ဟု ခန့်မှန်းထားပြီး ၂၀၁၃ ခုနှစ်တွင် သမ္မတသိန်းစိန်၏ အတုအယောင် အရပ်သားအစိုးရသည် နိုင်ငံခြားကုမ္ပဏီများကို ကုန်းတွင်း ရေနံရှာဖွေတူးဖာ်ရန် အကြမ်းဖျင်း လုပ်ကွက် ၅၀ နှင့် ကမ်းလွန်လုပ်ကွက် ၅၀ အတွက် လိုင်စင်များကို စတင်ထုတ်ပေးခဲ့သည်။ 

သယံဇာတတူးဖော်ရေးလုပ်ငန်းများ ပွင်လင်မြင်သာမှု ရှေ့ဆောင်အဖွဲ့  (EITI)သို့ အဖွဲ့ဝင်နိုင်ငံအဖြစ် ၂၀၁၄ တွင် ဆက်သွယ်ဝင်ရောက်ခဲ့ပြီးနောက် မြန်မာအစိုးရသည် ရေနံနှင့် သဘာဝကဲ့သို့သော သယံဇာတများမှ နိုင်ငံ့အခွန်ဘဏ္ဍာများကို အသေးစိပ်ဖော်ထုတ်ရာတွင် ပုဂ္ဂလိကကဏ္ဍနှင့် အရပ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပေသည်။

မှတစ်ဆင့် အစိုးရနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် အရပ်ဖက်အဖွဲ့အစည်းများ၏ မျှော်လင့်ချက်သည် သယံဇာတ ထုတ်ယူအကျိုးအမြတ်ရှာဖွေခြင်းအတွက် လူမှုရေးနှင့် သဘာဝဝန်ကျင်ရေးရာ သက်ရောက်မှုဆိုင်ရာ မူဝါဒများ ပြုပြင်ပြောင်းလဲရန် အခွင့်အလမ်းကိုလည်း ရနိုင်ပေသည်။ ဤကဲ့သို့  ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန် လိုအပ်ချက်ကို မကွေးတိုင်းမှ မင်းမဲ့စရိုက်ဆန်သော ထန်းကိုင်းရေနံတွင်းနယ်မြေနှင့် တင်းကျပ်စွာ ထိန်းချုပ်ထားသော နိုင်ငံပိုင် မန်းရေနံမြေတို့မှ အခြေအနေများက သက်သေပြနေသည်။

Matt Grace/NRGI
 Matt Grace/NRGI
စွန့်စားရသော လုပ်ငန်းရေနံတူးသမား ဦးဟန်ထွေးသည် လူအုပ်ထဲတွင် သူ၏ အဝါရောင် ဦးထုပ်မာကို ဆောင်းလျက် ရပ်နေသည်။ ဒါသည်ပင် ထန်းကိုင်းတွင် ကျွန်တော်နေထိုင်စဉ်အတွင်း တွေ့ခဲ့ရသည့် တစ်ခုတည်းသော ဘေးကင်းရေး ကိရိယာပစ္စည်း ဖြစ်သည်။ သူက စည်းမျဉ်းစည်းကမ်းဖြင့် ထိန်းချုပ်မထားသော ရေနံမြေတစ်ခုမှ တစ်ခုသို့ နှစ်များစွာ ရွှေ့ပြောင်းလုပ်ကိုင်ခဲ့ကြောင်း ပြောပြသည်။လောလောလတ်လတ်သတင်းအချက်အလက်များကို နှုတ်ပြော သတင်းစကားများကိုသာ အားထားလျက် ရွှေ့ပြောင်းလုပ်ကိုင်ခဲ့ရသည်။ ဤရေနံမြေတွင် အလုပ်ခွင်နှစ်နေရာ၌ ရေနံရှာဖွေတူးဖော်ရန်အတွက် မကြာခင်က ငွေသွင်းခဲ့သည်။

အနီးအနားရှိ တွင်းများအနက် တစ်တွင်းကို ညွှန်ပြရင်း မတိုင်ခင်က အဖွဲ့မှာ ရေကြောကို ဖြတ်ကျော်ပြီး မတူးနိုင်ခဲ့သဖြင့် မအောင်ခဲ့ကြောင်း ဦးဟန်ထွေးက ရှင်းပြသည်။ အောက်ဘက်မှ တန်ဖိုးရှိသည့် ရေနံကြောကို ရောက်ရန် ယင်းရေကြောကို ဖြတ်သန်းဖောက်ထွင်းရမည် ဖြစ်သည်။ သူက စိန်ခေါ်ချက်များကို သဘောကျပြီး သူ့အဖွဲ့က ဤတွင်းမှ အကျိုးမြတ်များစွာကို ရရှိသိမ်းပိုက်နိုင်မည်ဟု ယုံကြည်ချက်အပြည့်ရှိသည်။ တွင်းတူးခွင့်အတွက် ပေးရသော ဒေါ်လာ ၅၀၀ အပြင် စီမံကိန်းအတွက် သူက ဒေါ်လာ ၄၂၀၀ ခန့် ရင်းနှီးမြှုပ်နှံခဲ့ပြီး ဖြစ်သည်။ 

Matt Grace/NRGI
Matt Grace/NRGI
အပေါ်ယံတွင် ထန်းကိုင်း ရေနံလုပ်ငန်းမှာ မျှတစွာ ဖွင့်လှစ်ထားပုံပေါက်သည်။ ပုဂ္ဂလိက လုပ်ကိုင်သူများသည် မြေပိုင်ရှင်များနှင့် တိုက်ရိုက် ညှိနှိုင်းဆွေးနွေးနိုင်ပြီး စျေးနှုန်းများမှာ အကျိုးအမြတ်ထွက်နိုင်မှုနှင့် ရေနံထွက်နှုန်း အလားအလာပေါ်အခြေခံသည်။ သို့သော် ဤထိန်းချုပ်မှု မရှိသော စက်မှုလုပ်ငန်းတွင် လုပ်နည်းကိုင်နည်းများမှာ အန္တရာယ်ရှိပြီး သဘာဝဝန်းကျင်ပျက်စီးနိုင်သည်။

ကျွန်တော် စောင့်ကြည့်နေစဉ် အနီးအနားရှိ ရေနံသိုက်များမှ စိမ့်ထွက်လာသော အခိုးအငွေ့များကို ဖောက်ထုတ်မီးရှို့ထားခိုက် ပေနှစ်ဆယ်အရှည်ရှိပိုက်များကို လူများက ဂဟေဆော်နေကြသည်။ ရေနံမြေ၏ ကျယ်ပြောသော နေရာသည် ရေနံစိုနေသော အနယ်အနှစ်များဖြင့် ဖြတ်သန်းသွားလာ မရနိုင်သည့် ရွှံ့ဗွက်အိုင်ကြီးများ အဖြစ် လျော့ပါးလိုက်လာနေသည်။ ရေနံတူးသမားအသစ်များ ရောက်လာသည်နှင့်အမျှ ရေနံတူးဖော်ရေးလုပ်ငန်း၏ ဂေဟဆိုင်ရာ ခြေရာမှာ ဆက်လက်ကြီးထွားလာလျက်ရှိသည်။

နောက် သုံးရက်အကြာ ကျွန်တော် ပြန်လာသည့်အချိန်တွင် ဦးဟန်ထွေးက သူ့အဖွဲ့၏ ရင်းနှီးမြှုပ်နှံမှုနှင့် ပုဂ္ဂိုလ်ရေးစွန့်စားမှုများမှာ ကြီးမားသည့်တိုင် ရေကြောကို ဖောက်ထွက်တူးဖော်ခြင်း မဆောင်ရွက်နိုင်သေးကြောင်း ဖွင့်ဟပြောခဲ့သည်။ သူ့တွင် အကောင်းမြင်မျှော်လင့်ချက်များ ကျန်ရှိနေသေးသော်လည်း ဦးဟန်ထွေးမှာ သူ၏ ရင်းနှီးမြှုပ်နှံမှု ပြန်လည်ရယူနိုင်ဖို့ သိသာသော စိတ်ဖိအားများအောက်တွင် ရှိနေပေသည်။

Drag Left or Click Image to Start Slideshow

Matt Grace/NRGI
လျော်ကြေးမရှိသည့်ပြင် ကန့်သတ်မှုများ၏ အောက်တွင် ထန်းကိုင်းရှိ ပုဂ္ဂလိက အန္တရာယ်များပြားသော မြေပေါ်တွင်းတူးလုပ်ငန်းများနှင့် ဆန့်ကျင်လျက် အနီးနားရှိ အစိုးရပိုင်းက လုပ်ကိုင်နေသော မန်းရေနံမြေမှာ တိတ်ဆိတ်သော အကြောင်းကိစ္စတစ်ရပ်ပင်ဖြစ်သည်။ ဒါဇင်ချီသော ပုံစံဟောင်း ရေနံတူးစက်များမှာ နက်ရှိုင်းသော မြေအောက်မှာ ရေနံစိမ်းများကို ယင်းတို့ စုပ်ယူနေစဉ် တိတ်ဆိတ်စွာ စိုက်ချည် ထောင်ချည် ပြုနေကြသည်။ ပတ်ဝန်းကျင် ကွင်းပြင်များမှာ လယ်ယာအလုပ်သမားများကား သီးနှံများ ရိတ်သိမ်းရန် ဂရုစိုက်နေကြခိုက် အချိန်ပင် ဖြစ်သည်။ သည်မှာ ရှိသော ဒေသတွင်း လူ့အသိုက်အဝန်းများမှာလည်း ရေနံတူးဖော်ခြင်းလုပ်ငန်းများမှ ဒုက္ခခံစားရနေရသည့် အဖြစ်မှန်ကို ဤငြိမ်သက်မှုများက ဖုံးကွယ်လှည့်စားထားသေးပေသည်။

မြန်မာနိုင်ငံတွင် မြန်မာ့ရေနံလုပ်ငန်း၏ အထွက်အကောင်းဆုံး ရေနံမြေများတွင် တစ်ခုဖြစ်သည့် မန်းရေနံမြေသည် ထန်းကိုင်း၏ မြောက်ဘက် မိုင် ၄၀ ခန့်တွင် ရှိသော မင်းဘူးမြို့မှ ဧရာဝတီမြစ်အထိ ကျယ်ပြန့်သည်။ ၁၉၆၉ ခုနှစ်က ဤနယ်မြေတွင် ရေနံရှာဖွေ တွေ့ရှိသောအခါ ရွာ ၁၃ ရွာနှင့် ဝန်းရံထားသော လယ်မြေများ မန်းရေနံမြေအတွင်းသို့ ထည့်သွင်းခဲ့သည်။ ယင်းအချိန်ကတည်းကစ၍နောက်ပိုင်းတွင် ခန့်မှန်းတွက်ချက်ထားခဲ့သည့် ရေနံတွင် ၆၆၉ တွင်းကို တူးဖော်နိုင်ခဲ့ပြီး ရေနံစိမ်းစည် သန်း ၁၂ဝကို မြန်မာ့ရေနံလုပ်ငန်းနှင့် ဤရေနံမြေတွင် လုပ်ငန်းလုပ်ကိုင်လည်ပတ်ရန် ကန်ထရိုက်စာချုပ်ချုပ်ဆိုထားသည့် ပုဂ္ဂလိကကုမ္ပဏီဖြစ်သော အေမ်ပီအာရ်အယ်လ် (MPRL)တို့က တူးဖော်ထုတ်လုပ်ခဲ့သည်။

Matt Grace/NRGI
Matt Grace/NRGI
မင်းဘူးမြောက်ဘက်သို့ ကားမောင်းသွားရင်း ကျွန်တော်သည် မန်းရေနံမြေ ပိုင်နက်သို့ဝင်ရောက်နိုင်ပြီိး ရေနံမြေအလွန် ကျေးရွာများနှင့် လယ်ယာများသို့လည်း သွားရောက်နိုင်သည့် ပင်မဝင်ပေါက် သုံးခုကို ဖြတ်ကျော်ခဲ့သည်။ ယင်းဝင်ပေါက်များတွင် အမ်ပီအာရ်အယ်လ်မှာ လုုံခြုံရေးဝန်ထမ်းနှင့် ဒေသဆိုင်ရာ ရဲအရာရှိသည် “ဝင်ခွင့်မပြု”နှင့် “တားမြစ်ဧရိယာ” ဟု သတိပေးကြေညာထားသော ဆိုင်းဘုတ်များ စီတန်းထောင်ထားသည့် အောက်တွင် စခန်းချနေကြသည်။ ကျွန်တော်သည် နောက်ဆုံး ဖုံထူသော လမ်းကြောင်းမှတစ်ဆင့် ကွေ့ပတ်ဝင်ရောက်ပြီး မော်တော်ဆိုင်ကယ်ဖြစ့် ပိုင်နက်နယ်မြေထဲ ဝင်ရောက်ခဲ့သည်။

သိသာထင်ရှားသော သဘာဝဝန်းကျင်ညစ်ညမ်းခြင်း၊ သို့မဟုတ် ဂျင်နရေတာများ၏ ဖိစီးနှောင့်ယှက်နေသော မြည်ဟီးသံများ မရှိပါ။ လမ်းအကွေ့တိုင်းတွင် စိုက်ထူထားသော ဆိုင်းဘုတ်များမှ အသိပေးထားသည်များကြောင့် မဟုတ်လျှင် ကျွန်တော်သည် တင်းကျပ်စွာထိန်းချုပ်ထားသော နယ်မြေအတွင်းရှိနေကြောင်း သတိမူမိလိမ့်မည် မဟုတ်ပါ။ ဤ ၁၀ စတုရန်းမိုင် ကျယ်သော စိုက်ခင်းလယ်မြေများသည် နိုင်ငံ၏ မြို့ပြဆိုင်ရာ ကန့်သတ်ချက် အမြင့်ဆုံးအဆင့်ဖြစ်သည့် ရာဇဝတ်မှုဆိုင်ရာ ကျင့်ထုံး ကိုဓ ပုဒ်မ ၁၄၄ အောက် ကျရောက်နေပါသည်။

ဤနယ်မြေတွင် ကျွန်တော်သည် မြန်မာ့ရေနံလုပ်ငန်းက လုပ်ငန်းများ စတင်သောအခါ ပထမဆုံး ဖော်ထုတ်လုပ်ကိုင်သည့်နယ်မြေအတွင်း တည်ရှိသည့် မယ်ဘက်ကုန်းရွာတွင် နေထိုင်သည့် စိုးဝင်းနှင့် တွေ့ဆုံခဲ့ပါသည်။ ယခုအခါ မန်းရေနံမြေအတွင်း ရွာ ၁၃ ရွာအနက် ရေနံတွင်းအများဆုံး တူးဖော်ထားရှိသည့် ရွာ ဖြစ်နေပါပြီ။

ဤကန့်သတ်ချက်များသည် မယ်ဘက်ကုန်းတွင် တင်းကျပ်စွာ လိုက်နာစေခြင်းမရှိဟု စိုးဝင်းက ဆိုသည်။ တည်ဆောက်ရေးလုပ်ငန်းမှ ပစ္စည်းများ သယ်ထုတ်ခြင်းကို တားမြစ်ထားသော ကန့်သတ်ချက်မှတစ်ပါးဟု ဆိုသည်။ နယ်နိမိတ်အတွင်းကျရောက်သော သူတို့၏ ပုဂ္ဂလိက ပိုင်နက်ထဲသို့ပင်  သယ်ထုတ်ခြင်းမပြုပေ။ သို့သော် နယ်မြေများအတင်းအကျပ် သိမ်းပိုက်ခြင်းနှင့် သူတို့၏ အသက်မွေးမှုအပေါ် ရေနံတူးဖော်ခြင်းလုပ်ငန်းက ဆိုးရွားသည့် အကျိုးသက်ရောက်မှုများအတွက် မြန်မာ့ရေနံလုပ်ငန်းနှင့် အမ်ပီအာရ်အယ်လ်ထံမှ လျော်ကြေးငွေ ရယူနိုင်ရန် ဖော်ထုတ်ရှာဖွေသော ဒေသတွင်း ရွာသားများအတွက်လည်း ပုဒ်မ ၁၄၄ က သက်ဆိုင်ပေသည်။

ရေနံတွင်းအသစ်များမှာ ပတ်ဝန်းကျင် လယ်ယာမြေများကို လနှင့်ချီ၍ အနှောင့်အယှက်ဖြစ်စေကြောင်းနှင့် နှစ်နှင့်ချီ၍ရ ပတ်ဝန်းကျင်ညစ်ညမ်းစေနိုင်ကြောင်း စိုးဝင်းက ရှင်းပြသည်။ မြေပေါ်ရှိ မြေခင်းတစ်လျှောက် ရေနံတွင်း ရာပေါင်းများစွာကို ကန့်လန့်ဖြတ်သွယ်တန်းဆက်သွယ်ထားသော ပိုက်လိုင်းများက ထွန်ယက်ခြင်းနှင့် စိုက်ပျိုးခြင်းကို အနှောက်အယှက်ဖြစ်စေသည်။ သူ၏ လယ်မြေပေါ်တွင် ရေနံတွင်းခြောက်တွင်း ရှိလင့်ကစား ရေနံထုတ်ယူခြင်းမှ ဘဏ္ဍာငွေကြေး၊ သို့မဟုတ် အခြားအကျိုးအမြတ် မည်သည့်အခါမှ လက်ခံရရှိခဲ့ခြင်းမရှိဟု စိုးဝင်းက ပြောသည်။ ဤနေရာတွင် ပထမဆုံး တူးဖော်ခဲ့သော ရေနံတွင်း ၆၆၈ တွင်းအတွက် မြေပိုင်သူ တစ်ဦးတစ်ယောက်မျှ လျော်ကြေးငွေ မရခဲ့ဟု သူက ပြောသည်။
Matt Grace/NRGI
Matt Grace/NRGI
မကြာသေးသော နှစ်များက ဒေသတွင်း အရပ်ဖက် လူမှု အဖွဲ့အစည်းများက ဌာနေတွင်းနေထိုင်သူများ၏ နောက်ကြောင်းပြန် လျော်ကြေးငွေ တောင်းခံမှုကို ၀ိုင်းဝန်းကူညီပေးခဲ့ကြသည်။ သို့သော် မြေယာအားလုံးမှာ အန္တိမအားဖြင့် အစိုးရကသာ ပိုင်ဆိုင်သည်ဟု ဥပဒေများတွင် ဖော်ပြထားသည့်အပြင် မြန်မာနိုင်ငံ၏ ဗြူရိုကရက်ဆန်သော ရှုပ်ထွေးသည့် ပိုင်ဆိုင်မှု မှတ်ပုံတင်နည်းလမ်းများအောက်တွင် ဥပဒေကြောင်းအရ တောင်းခံမှုပြုလုပ်ရန်အတွက် မြေပိုင်ဆိုင်မှုအတွက် ဆန္ဒပြခြင်းသည် ခက်ခဲပေသည်။ 

ရွာသားတစ်ဦးမှာ မကြာခင်က တွင်းအမှတ် ၆၆၉ တူးဖော်ခြင်းအတွက် လျော်ကြေးငွေ အမေရိကန် ဒေါ်လာ ၃၁၀၀ ပေးချေခြင်းကို လက်ခံရရှိခဲ့သည် ဆိုသည်မှာ ပြောင်းလဲနေသော ကာလ၏ လက္ခဏာ ဖြစ်ကောင်းဖြစ်ပေမည်။

 Matt Grace/NRGI
 ပြုပြင်ပြောင်းလဲမှု လိုအပ်ချက် မြန်မာ့ ကုန်းတွင်း ရေနံတူးဖော်ရေးလုပ်ငန်း၏ လူမှုရေးနှင့် သဘာဝဝန်းကျင်ဆိုင်ရာ သက်ရောက်မှုစံများ တိုးတက်ရန် မကွေးရေနံမြေများမှာလည်း လုံးဝခြားနားသော်လည်း ညီတူညီမျှ ဒုက္ခ တွေ့ကြုံနေကြရသော လိုအပ်ချက် သာဓကများ တွေ့ရပေသည်။

ထန်းကိုင်းတွင် မြေပိုင်ဆိုင်သူများ၊ တွင်းတူးဖော်သူများနှင့် အလုပ်သမားများမှာ အမြတ်များသော ရေနံစိမ်းထုတ်လုပ်မှုမှ အကျိုးခံစားရန် အခွင့်အလမ်းရှိသော်လည်း အန္တရာယ်ရှိသော အခြေအနေများနှင့် အရည်အသွေးနိမ့်ကျသည့် အာဝါသညစ်ညမ်းမှုများက ဤအခွင့်အလမ်းများအပေါ် အရိပ်ထိုးနေပေသည်။ နှိုင်းယှဉ်ပါက မန်းရေနံမြေတွင် သဘာဝဝဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုနည်းသော်လည်း ဌာနေတွင်း နေထိုင်သူများမှာ သူတို့၏ မြေများမှ ရေနံတူးဖော်ထုတ်ယူမှု၏ အကျိုးကျေးဇူးကို ခံစားရရှိနိုင်ခြင်း မရှိချေ။ ဤသက်ရောက်မှုအပေါ် ဆွေးနွေးနှစ်သိမ့်ခြင်းလည်း မရှိချေ။

မကွေးမှ ကျွန်တော် ထွက်ခွာလာသည့်အခါ မြန်မာနိုင်ငံသည် ယင်း၏ သယံဇာတကဏ္ဍ ပြုပြင်ပြောင်းလဲမှုများဖြင့် တိုးတက်လာသည်နှင့်အမျှ ဤရေနံမြေစီမံကိန်းနှစ်ခုအနက် ပို၍ ကောင်းမွန်ပျော်ရွှင်သော လုပ်ငန်းပုံစံက ဖြစ်ပေါ်အောင်မြင်လာနိုင်လိမ့်မည်ဟူသော ခံစားချက်ကို ကျွန်တော် လှုပ်ခါချ၍ မရနိုင်တော့ပါ။

Matt Grace/NRGI

The UNEARTH project is supported by the Natural Resource Governance Institute and was initiated as part of its Extractive Industries Photo Documentary Project.