Location
  • Kachin

UNESCO စာရင်းဝင် အင်းတော်ကြီး အိုင်အနီးရှိ ရွှေတွင်းများ

သုံးစွဲသော ဆီညစ်ညမ်းမှုများနှင့် တောပြုန်းတီးခြင်းများ

Images by
Minzayar Oo
Text by
Minzayar Oo and Paul Vrieze
မေလ ၂၀၁၇ခုနှစ်၊ ကချင်ပြည်နယ် မိုင်းနောင်ဒေသ၊ မြန်မာမြောက်ဖျားပိုင်း ကချင်ပြည်နယ်မှ အင်းတော်ကြီးအိုင်အစွန်းတွင်ရှိသည့် အလွန်ကျယ်ပြန့်သော အပူလျော့ပိုင်းတောအုပ်များတွင် နေ့တိုင်းဆိုသလို မြင်တွေ့ရသည့် မြင်ကွင်းမှာ လူစုလူဝေးဖြင့် ရွှံ့ နွံထဲတွင် အဖိုးတန်ရွှေ ရှာဖွေနေကြခြင်းဖြစ်သည်။
Minzayar Oo/NRGI
မြန်မာ့မြောက်ပိုင်းတွင် ရှိသော ကချင်ပြည်နယ်မှ အင်းတော်ကြီးအိုင်အနီး ပတ်ဝန်းကျင်တွင်ရှိသော တောအုပ်များအတွင်းတွင် ထောင်ပေါင်းများစွာသော ရွှေရှာသူတို့သည် ရွှံ ့နွံများအတွင်းတွင် ရွှေကို ကျားကုတ်ကျားခဲ ရှာဖွေနေကြပါသည်။

မြန်မာနိုင်ငံအနှံ့အပြားမှ အသက်အရွယ် အပိုင်းအခြားစုံ၊ တိုင်းရင်းသားစုံ ရွှေလုပ်သားများ အဖို့ ယခုနေရာဖြစ်သော အလွန်ဝေးလံခေါင်သီသော နေရာတွင် လာရောက်အလုပ်လုပ်ကိုင်နေသော တူညီသည့် အကြောင်းပြချက်မှာ သူတို့မိသားစုအတွက် ကြုံတွေ့နေရသော ဆင်းရဲတွင်းမှ လွတ်မြောက်စေရန်ဖြစ်သည်။ မုဆိုးမကြိး ဒေါ်ဘောက်ဂျာ နှင့် ၄င်း၏သမီးလေး ဘောက်မိုင်တို့ ပိုင်ဆိုင်သော တစ်နိုင်တစ်ပိုင် မိသားစု ရွှေတွင်းများမှာ ဟက်တာပေါင်းများစွာ ကျယ်ပြန့်သည်။

ဒေါ်ဘောက်ဂျာတို့ ပိုင်ဆိုင်သော ရွှေတွင်းမှာ ထိုဒေသတွင်းရှိ ရာပေါင်းများစွာသော ရွှေတွင်းငယ်များအနက် ဒေသခံများပိုင်ဆိုင်သော ရွှေတွင်း ၂ခုရှိသည့်အနက်မှ တစ်ခုဖြစ်သည်။ ထိုတနိုင်တပိုင်ရွှေတွင်းငယ်များသည် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်းတွင် တဖြည်းဖြည်းများပြားလာပြီး မိုင်းနောင်ဟုခေါ်သော ဒေသအနီး အင်းတော်ကြီးအိုင်အနောက်ဘက်ရှိ တောင်တန်းများ နှင့် သစ်တောများထဲတွင် တည်ရှိပါသည်။

မြန်မာ့ ကျေးလက်ဒေသအတွက် အတော်လေးများသော ဝင်ငွေအတိုင်းအတာတစ်ခုအထိရရှိသော်လည်း လုပ်ကိ်ုင်ရသော အလုပ်များမှာ အလွန်ကြမ်းတမ်းပြီး မှတ်ပုံတင်မထားသော ရွှေတွင်းများမှ အနီးအနားရှိ စမ်းချောင်းများကို ညစ်ညမ်းစေပြီး အင်းတော်ကြီးအိုင်၏ ဂေဟစနစ်ကို ပျက်ပြားစေပါသည်။

Minzayar Oo/NRGI
စုစုပေါင်း ရေပြင်မျက်နှာပြင် ၁၃၃၇၁၅ ဟက်တာကျယ်ဝန်းသော မြန်မာ့အကြီးဆုံး အင်းတော်ကြီးအိုင်ကြီးသည် ၄င်း၏ သဘာဝအလှ နှင့် ထူးခြားသော ဂေဟစနစ်တို့ကြောင့် မကြာသေးမီကာလမှ UNESCO တွင် လူသား နှင့် ဇီဝ ရပ်ဝန်း ထိမ်းသိမ်းပြုစုခြင်းအဖြစ် စာရင်းသွင်းခံခဲ့ရပြီး။
Minzayar Oo/NRGI
ဒေါ်ဘောက်ဂျာ၏ ရွှေတွင်းမှ အလုပ်သမား ခေါင်းဆောင် ဝင်းဦး၏ အဆိုအရ အလုပ်ကောင်းသော ရက်များတွင် တစ်နေ့လျင် ရွှေ၁၆ ဂရမ်ထိ ရရှိ ကန်ဒေါ်လာ ၆၀ဝ ခန့်တန်ဖိုးရှိပါသည်။ ၄င်းက ထပ်မံပြောကြားသည်မှာ ရရှိသော ဝင်ငွေအတော်များများကို ဓါတ်ဆီဖိုး၊ ယန္တရားခ နှင့် အလုပ်သမားခ တို့အပေါ် သုံးစွဲလေ့ရှိသည်။

ဒေါ်ဘောက်ဂျာ တွင်းမှ ရွှေတူးသမားများမှ တစ်နေ့လျှင် စားစရိတ်ငြိမ်း ကန်ဒေါ်လာ ၄ ဒေါ်လာ ရရှိကြသည်။ သူတို့လုပ်ရသော အလုပ်များမှာ လက်ဖြင့်လူကိုယ်တိုင်လုပ်ရသော အလုပ်များ နှင့် အားသုံးပြီးလုပ်ရသော အလွန်ပင်ပန်းသည့် အလုပ်များဖြစ်ကြသည်။ ရွှံ ့ရေထဲတွင် ကျောက်တုံးမျက်နှာပြင် ချောချောပေါ်တွင် ပြင်းအားများသည့် ရေပိုက်ကို ထိမ်းသိမ်းရပြီး အခြားလုပ်သား ၃ယောက်ထက်မနည်းမှာ မြေတူးပေါက်ဆိန်များဖြင့် မြေကြီးများကို ကော်ပြီး မြေကြီးများတွင်တွေ့ရသော ကျောက်တုန်းများကို လွှင့်ပစ်ကြသည်။

Minzayar Oo/NRGI
Minzayar Oo/NRGI
ထို့အပြင် သဲများ၊အမှိုက်သရိုက်များနှင့် ရောနေသော ရွှေစများကို ကျင်ထုတ်ရန် လေးလံသော သေတ္တာကြီးများကို အောက်သို့သယ်ယူပြီး ဒေါ်ဘောက်ဂျာသမီးအပါအဝင် အမျိုးသမီးငယ်များက ပြဒါးထည့်ပြီး မီးတုတ်ဖြင့်အပူပေးကာ ကျင်ယူကြသည်။

မြန်မာနိုင်ငံရှိ ရွှေတွင်းတော်တော်များများတွင် ပမာဏများသော ပြဒါးများကို ရေဆေးချပြီး ကျင်ယူသောကြောင့် ဒေသတွင်း ရေထွက်များ နှင့် ရေအရင်းအမြစ်များကို ညစ်ညမ်းမှုများ ဖြစ်ပေါ်စေသည်။ အင်းတော်ကြီးအိုင်ကို UNESCO တွင် ထည့်သွင်းရန် လျှောက်ထားမှုတွင် အင်းတော်ကြီးအိုင်အတွင်း ပြဒါးပါဝင်မှု မြင့်တက်လာခြင်း နှင့် နုန်းမြေပမာဏ မြင့်တက်လာခြင်းတို့ကို မှတ်တမ်းတင်ရန် လိုအပ်ကြောင်းထည့်သွင်းထားပါသည်။ ပြဒါးပမာဏမြင့်တက်လာမှုကြောင့် သဘာဝပတ်ဝန်းကို ထိခိုက်စေနိုင်ပြီး ဥပမာအားဖြင့် ငါးများ၏ ကိုယ်ထဲတွင် ပြဒါးစိမ့်ဝင်နေခြင်း အစရှိသည့် အကျိုးဆက်များ ဖြစ်ပေါ်စေပါသည်။

Drag Left or Click Image to Start Slideshow

အမြတ်ကြီးသောစီးပွားရေးအင်းတော်ကြီးကန်အနီးတွင် ကျင်ယူရရှိသော ရွှေအပိုင်းအစများကို မိုင်းနောင်ရှိ ရွှေကုန်သည်များကဝယ်ယူကြသည်။ ကုန်သည်များမှ ၄င်းတို့ကို ငွေသားသော်လည်းကောင်း၊ဓါတ်ဆီ နှင့် ယန္တရားသော်လည်းကောင်း ပေးချေကြပြီး ကချင်ပြည်နယ် မြစ်ကြီးနားမြို ့သို့သော်လည်းကောင်း၊ မန္တလေးမြို့သို့သော်လည်းကောင်း ပို့ဆောင်ကြသည်။

ဒေါ်ဘောက်ဂျာသမီး ဘောက်မိုင်အဆိုအရ ကျွန်တော်တို့ ရောက်နေစဉ်ကာလအတွင်း လွန်ခဲ့သော ၃ရက်ခန့်တွင် ကန်ဒေါ်လာ ၂၃၀ တန်ဖိုးရှိ ရွှေများ ရရှိခဲ့သည်ဟု ဆိုသည်။

Minzayar Oo/NRGI
ကျားကုတ်ကျားခဲ အလုပ်ရွှေတွင်းအလုပ်သမားများအဖို့ အလုပ်ကြမ်းများကို လုပ်ကိုင်ရသောကြောင့် ကိုယ်ခန္ဓာ ပင်ပန်းကိုက်ခဲမှုများကို သက်သာစေရန် အလို့ငှာ မူးယစ်ဆေးများကို သုံးစွဲလေ့ရှိသည်။ အများနည်းတူ ဝင်းဦးက သူလည်း ကိုယ်လက်ကိုက်ခဲမှုများ နှင့် ပင်ပန်းမှုများ ပြေပျောက်စေရန် အနီးရှှိ မူးယစ်ဆေးရောင်းဆိုင်မှ ဝယ်ယူသုုံးစွဲလေ့ရှိကြောင်း အကြောထဲသို့ မသွင်းသော်လည်း ဆေးလိပ်အတွင်းထည့်ကာ သောက်သုံးကြောင်း ၄င်းကပြောပြသည်။

၄င်းတို့ရွှေတွင်းနှင့် မြန်မာ့နာမည်ဆိုးနှင့်ကျော်ကြားသော ဖါးကန့်ကျောက်စိမ်းတွင်းမှာ မိုင်အတော်အကွာတွင် တည်ရှိသည်။ ဖါးကန့်တွင် ထောင်ပေါင်းများစွာသော လုပ်သားများမှာ ဆေးသမားများ ဖြစ်သွားကြပြီး ခုခံအားကျဆင်းသည့် ရောဂါလည်း ခံစားနေကြသည်။ ယင်းအဖြစ်အပျက်များကို ကြည့်ခြင်းအားဖြင့် ကျောက်တူးသမားများအဖို့ ၄င်းတို့၏ ကံကြမ္မာကို ပြောင်းလဲနိုင်သည့် အဖိုးတန်ကျောက်တစ်တုံးအောင်ရန် မျှော်လင့်ပြီး ကြမ်းတမ်းသောအလုပ်များကို ဘဝနှင့်ရင်းပြီး လုပ်ကိုင်နေကြရကြောင်း တွေ့ရှိရပါသည်။

Minzayar Oo/NRGI
ကျွန်တော်တော့ သူဌေးဖြစ်ဖို့ ဖြတ်လမ်းလိုက်လို တဲ့စိ်တ်မရှိဘူး။ ဒီမှာ အနည်းဆုံးတော့ ဖားကန့်ထက်အေးအေးဆေးဆေးရှိတယ် ဟု ဒေါ်ဘောက်ဂျာ ရွှေတွင်းတွင် လုပ်ကိုင်နေသာ ၂၇ နှစ်အရွယ် ကိုနော်နော်ကပြောပါသည်။ နော်နော်နည်းတူ ရွှေလုပ်သားများသည် ဖါးကန့်တွင် အလုပ်လုပ်ကိုင်ဖူးကြသူများ ဖြစ်သည်။
Minzayar Oo/NRGI
သို့သော်လည်း မိုင်းနောင် ဒေသမှာ လုံခြုံမှုမရှိပါ။ မူးယစ်အန္တရာယ်သာမက KIA နှင့် ကာလတာရှည် ဖြစ်နေသော ပြည်တွင်းစစ်ကြောင့် တရားဥပဒေစိုးမိုးမှု အားနည်းသောကြောင့် အညိုရောင်နယ်မြေဟု သတ်မှတ်ထားသည့် ဒေသတွင် တည်ရှိပါသည်။ ဒေသခံရွာသားများ နှင့် မိ်ုင်းနောင်မြို့ခံများအဖို့ ရွှေတွင်းများရှိရာ တောအုပ်များကို တတ်နိုင်သမျှရှောင်လေ့ရှိသည်။

KIA မှာ အင်းတော်ကြီးအိုင်ပတ်ချာလည်ရှိ တောင်တန်းများတွင် တပ်စွဲထားပြီး လက်နက်ကိုင်တပ်များမှ ရွှေတွင်းလုပ်သားများအပေါ် တရားမဝင် ဆက်ကြေးကောက်ခြင်းများကို ပြုလုပ်လေ့ရှိကြောင်း ရွှေလုပ်သားများထံမှ သိရှိရသည်။

NLD မှ မြန်မာနိုင်ငံ တစ်ဝှမ်းတွင် မှတ်ပုံတင်ထားခြင်းမရှိသော သတ္ထုမိုင်းတွင်းများကို လုပ်ပိုင်ခွင့် ပိတ်သိမ်းမည်ဟု မနှစ်အစောပိုင်းက ကြေညာလိုက်သောကြောင့် ရွှေတူးသမားများ၏ အနာဂတ်မှာ မရေမရာ ဖြစ်သွားပါသည်။ သဘာဝသယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိ်မ်းစောင့်ရှောက်ရေးဝန်ကြီး ဦးအုန်းဝင်းမှ လွှတ်တော်တွင် အင်းတော်ကြီးအိုင်ဝန်းကျင် ရွေွှတွင်းများမှာ တရားမဝင်လုပ်ငန်းများဖြစ်ပြီး လုံခြုံရေးတိုးတက်လာလျှင် ၄င်းရွှေတွင်းများကို ပိတ်မည်ဟု ပြောဆိုခဲ့ကြောင်း သိရပါသည်။

“ကချင်ပြည်နယ်အစိုးအရအနေဖြင့် မည်မျှလုံခြုံမှုပေးနိုင်မလဲ အပေါ်အများကြီးမူတည်တယ်။ ကျွန်တော်တို့အနေဖြင့် ဒေသဆိုင်ရာအာဏာပိုင်များကို တရားမဝင်ရွှေတူးခြင်းကို အရေးယူသွားဖို့ တိုက်တွန်းထားပါတယ် ဟု ဆိုသည်။ မည်သို့ပင်ဖြစ်စေ ထိုဒေသရှိ ရွှေတွင်းများမှာ ယခုတိုင် လုပ်ဆောင်နေဆဲဖြစ်ပါသည်။

The UNEARTH project is supported by the Natural Resource Governance Institute and was initiated as part of its Extractive Industries Photo Documentary Project.